သတိမမူမိဘဲ ကျော်လွန်သွားဖို့ လွယ်ကူပါတယ်။
တိတ်တိတ်ဆိတ်ဆိတ်
ခဏတာလမ်းထွက်လျှောက်လိုက်ပါ။
မိုးရွာပြီးစ
သစ်တောရဲ့ရနံ့ရ
ခေါင်းပေါ်က
ငှက်ကလေးတကောင် တေးသီကျူးနေလေရဲ့။
တခြားတခြားသော
အရာတွေအားလုံးကို …
တွေးတောနေခြင်းကနေ
ခဏတာ ရပ်တန့်လိုက်ပါ။
တခါတစ်ရံမှာ
…
အသေးငယ်ဆုံးသော
အရာလေးတွေဟာ
အကြီးမားဆုံးသော
ပြောင်းလဲမှုကို ဖန်တီးပေးနိုင်ပါတယ်။
— ဝုဒ်လခ်ကင်း (Woodlarking)
ပင်ကိုယ်သဘာဝကို
ခံစားချိန်လေး ပေးနိုင်ကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment