ဆရာဇော်ဂျီကဗျာတွေကို ပြန်လည်ထုတ်ဝေကြတယ်။ သတ်ပုံတွေကို တမင်တကာ ထင်ရာ ပြင်ထားကြတယ်။
ပြင်တာတွေမှာ
(တ) ကို (တစ်) လုပ်တာအပြင် သွက်သွက်ခါမှားတောတွေလည်း ပါနေတယ်။
စုန်တခါ
ဆန်တလှည့်ကို
- စုန်တစ်ခါ
ဆန်တစ်လှည့်က အမှားတမျိုး။
- ဆုန်တစ်ခါ
ဆန်တစ်လှည့်က သွက်သွက်ခါမှား။
ဇော်ဂျီ ဗေဒါလမ်းကဗျာစုဆိုပြီး ထုတ်တာထဲမှာ အဲဒီ မဟာအမှားကြီး
ပါနေတယ်။မလုပ်ကောင်းပါ။
မလုပ်ကောင်းတာတွေ
မလုပ်ကြစေလိုပါ။
ဗေဒါလမ်း
(၂၅)
မဗေဒါသောင်စပ်က၊
လှောင်တတ်ပေလေး။
ကျူရိုးသီ
ပီပီတရားကို၊ ကြားချင်တဲ့လေး။
လှောင်ရက်ပေ့
မဗေဒါ။
ပီပီမှာ
မယ့်စကားကြောင့် နားရှက်မိပါ။
ချောင်းတလျှောက်
ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။
ချောင်နပန်းရယ်နဲ့
အဟမ်းသံ
ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။
ဟောမယ်လို့
ကြံလိုက်ယင်။
ငါ့ပီပီ
မြည်မရ၊ အ ခဲ့ အခင်။
တက်ရေနဲ့
သက်ရေယဉ်၊ တသွင်သွင် အလှ။
ဘုတ်မ
ပြီတီတီနဲ့
တအီအီ
ဘယ်ဆီက၊ ငေးမိခါမှ။
မြည်ပြီတဲ့
သီပြီ။
ချောင်းသာယာ
လတာဘေးက၊ တေးကောက်ခဲ့ပြီ။
ဒီချောင်းက
ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။
စုန်တခါ
ဆန်တလှည့်၊ တေးသံချိုနဲ့။ ။ (ဇော်ဂျီ)
ဒေါက်တာတင့်ဆွေ
၁-၁၀-၂၀၁၉


Comments
Post a Comment