(ပြစ်မှား မှားပစ်)
ပြစ်မှား
= မိဘဆရာကျေးဇူးရှင်စသူကိုမကောင်းကြံစည်ပြောဆိုပြုမူသည်။
ခင်ပွန်းဆယ်ပါး၊ မပြစ်မှားရ။ သစ္စာ*၁၆၆။
မှားပစ်
= ဗာရာဏသီပြည်မှ ပီလယက္ခမင်းကြီးသည် တောကစားထွက်ရင်း
သီဟဗာဟု မြစ်ကမ်းနားတွင်
သမင်အုပ်များနှင့်အတူ ရေခပ်လာသော သုဝဏ္ဏသာမလုလင် (ဘုရားအလောင်းတော်) ကို
တွေ့ရှိခဲ့သည်။ သမင်များနှင့် အတူရှိနေသဖြင့် "ဤသတ္တဝါသည် လူလော၊ နတ်လော၊
သမင်လော" ဟု သံသယဖြစ်ကာ သမင်ထင်မှတ်ပြီး မြားအဆိပ်ခတ်၍ ပစ်ခတ်ခဲ့မိပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment