ရာဇဝတ်ရေး၊
ခိုးသေး မီးပွား၊ စွဲးစာထားနှင့်
တရားလက္ခဏာ၊ မှုများစွာတွင်
လိမ္မာဝေဘန်၊ စဉ်းလဲးဉာဏ်ကို
မကျန်စေရ၊ ဦးရေပြပိမ့်
ကာလပြစ်ကြိမ်း၊ သဘောထိန်းလော့
တဘိန်းလိမ့်ခြင်း၊ နှစ်ဘိန်းသွင်းနှင့်
ဂွင်းစွတ်ခြားသီး၊ လက်ရုံးမှီး၍့
ပြားကြီးစွဲမှု၊ တိုင်ပင်ပြုသည်
တုံးခုသမုတ်၊ တချက်ခုတ်ခါ
ခြေရာထုတ်ရုံ၊ တဆွေ့ခုံနှင့်
တွေ့ကြုံနလွဲ၊ နရိုင်းတွဲးဟု
မင်းပွဲး အသုံး၊ စစ်ကတုံးနှင့်
နှလုံးလိမ်းနှိပ်၊ ကြောက်ရွံထိတ်အောင်
ရိပ်ဘမ်းသံဘမ်း၊ အစိမ်းဘမ်းနှင့်
ခွဲးခြမ်းဆိုရိုး၊ အလျှပ်မျိုးတွင်
ဖြတ်ထိုး ခေါ်မြတ်၊ ပန္နရသ်ကို
မပြတ်လေ့လာ၊ ကျွမ်းကျင်ပါက
လိမ္မာကွေ့လည်၊ သူ့ဉာဏ်ရည်နှင့်
ကြံစည်ဆန်းပြား၊ ပြုသောအားကြောင့်
ယောက်ျားဟူက၊ ကြေးငွေရသော်
သက်မျှကျင်စေ၊ ပန်းဦးခြွေသား
လှုံလှေတုငွေ့၊ ချစ်သိမ်မွေ့သို့
နေ့တို့ထက်ပင်၊ သူဝမ်းရွှင်သည်
ကြည်လင်မေတ္တာ ထပ်ပွားတည်း။ ။ အိမ်ရှေ့ဝန် ဦးတာ)
- ပန်နရသျ - ၁၅
၁။ တဘိန်းလှိမ့် (တဘီးလိမ့်) -
တဖက်အမှုသည်ထံက ငွေကိုသာ ယူသည်။ တဖက်က မယူ။
၂။ နှစ်ဘိန်းသွင်း (နှစ်ဘီးသွင်း) -
နှစ်ဖက် အမှုသည် စစ်ဝတ်ကို မယူ။ ဉာဏ်ပူဇော်ကိုသာ ယူသည်။ (စစ်ဝတ် - စစ်ဆေးခြင်း ဝတ္တရား)။
၃။ ဂွင်းစွတ် (ကွင်းစွပ်) -
အမှုဟောင်းကိုမေး၍ လျှပ်သည်။
၄။ လက်ရုံးမှီး -
နှစ်ဖက်လုံးကိုပင် ကုန်ကျစေသည်။
၅။ ပြားကြီးစွဲ (ပျားကြီးစွဲ) -
အမှုသည်တဦးကို အများ ပြုလုပ်သည်။
၆။ တုံးခု -
တဖက်ကို ငွေစိုက်၍ တရားတွေ့စေသည်။
၇။ တချက်ခုတ် -
ဧည့်သည် တည်းသည်ကို ဥစ္စာပျောက်သည်ဆို၍ စစ်ဝတ်ကို ယူသည်။
၈။ ခြေရာထုတ် -
ခြေရာကျသည် (တွေ့သည်) ဆို၍ စွဲဆိုစစ်ကြောသည်။
၉။ တဆွေ့ခုံ (တဆွေ့ခုန်) -
စစ်ဝတ် ဆောင်စုဆောင်ရန်နှင့် တကွ စစ်ကြော၍ ယူသည်။ ခံဝန်သူ မထား။
၁၀။ နရိုင်းတွဲ (နွားရိုင်းတွဲ) -
လည်၍ တောင်းစေသည်။
၁၁။ စစ်ကတုံး (စစ်ခသုံး) -
စစ်ဝတ်ကိုသာ ယူသည်။
၁၂။ ရိပ်ဘမ်း-
အဝတ်အစား အသုံးအစွဲ အရိပ်အခြည်ကို ထောက်၍ ဖမ်းသည်။ စစ်မေးသည်။
၁၃။ သံဖမ်း -
ခိုက်ရန်တွေ့ရာ ရာဇဝတ်နှင့် မကင်းသည်ကို ပြောဆို၍ ဖမ်းသည်။ စစ်မေးသည်။
၁၄။ အစိမ်းဘမ်း-
သူခိုးက ဖော်သည်ဆို၍ ဖမ်းသည်။ အတင်းစစ်သည်။
၁၅။ ဖြတ်ထိုး -
အမှုသည်နှစ်ဦးတို့ အရောဝင် ဖြစ်ကြရာ စပ်ကြားက (အဆင်ပြေပြီးကိုပင်) ပြန်ဆို၍ စီရင်ပြီးလျှင် ဉာဏ်ပူဇော်ယူသည်။
#ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment