ညှာတံတရိုးက ပန်းမျိုးတရာ ပွင့်တတ်ပါလား
https://www.facebook.com/watch/?v=1459924995769106
(၁)
ကြောင်ဘား (ဖါး)ရဲ့ မြီးတံတို
အဆီကိုစားပါလို့ အသားကျ မျို
ကြောင်အို ပေမှေး
ကိုက်ပါနဲ့လေး။
(၂)
ဆေးတံတို တညှိုလောက် ရော့သောက်တော့ပေး။
မယူလိုက်က မိုက်လို့ထင်၊ ယူလိုက်ပြန်က ကြိုက်လို့ထင်၊ သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့၊ ညိုနွဲ့ရဲ့လေး။
(၃)
တန်ဆောင်းပြာသာဒ် ကျောင်းဇရပ်တွေနဲ့
ကောင်းမြတ်မနသီ ရွှင်ကြည်မနောဝယ်
ရေကြည်လျှံမြ ကန်အလှဝယ်
ညနေညို နှမမေပျို ရေချိုခပ်တယ်
အိုးစည်ဗုံမောင်း
ခြိမ့်ခြိမ့်ညောင်းလို့ရယ်။ (မြန်မာ့ရှုခင်း မြန်မာ့စိတ်ရင်း)
တံ
တံ (ဆင်တမျိုး)
တံကျင်
တံကူ(လှေ...၊ လှည်း...)
တံကောက်(တူရိယာ)
တံကောက်ကွေး
တံကဲအမှီ
တံချူ
တံခွန်
တံခါးကျင်
တံခါးခုံ
တံခါးပေါင်
တံခါးမုခ်
တံငါသည်
တံစက်မြိတ်
တံစက်ရေ – န /ဒဇက်ယေ/ တံစက်မြိတ်မှကျသော ရေ။
တံစက်လက်ပြန်ရေ – န /ဒဇက်လက်ပျန်ယေ/ ရေကို အိမ်၏ အမိုးပေါ်သို့ နောက်ပြန်ပက်တင်၍ တံစက်မြိတ်မှ ပြန်ကျလာသော ရေ။ (ပယောဂဆေးအတွက် အသုံးပြုသည်။)
တံစဉ်(မြက်ရိတ်ကိရိယာ)
တံစဉ်း – န /ဒဇင်း/ သံကို တိုက်စားရန် မျက်နှာပြင်တွင် အသွားစိပ်စိပ်ဖော်ထားသော ကိရိယာ။ "သစ်သားတုံးပေါ်တွင် တင်၍ တံစဉ်းနှင့် ခုတ်ပစ်ရလေသည်။" ဂျင်နီ၊ ၆ဂ။
တံစဉ်း(ကျားလျှာမျိုး)
တံစို့
တံစိုးလက်ဆောင်
တံစုန်း(ရေမြုပ်သစ်ငုတ်)
တံစူးဝါး
တံဆိပ်ခတ်
တံဇဉ်
တံဇဉ် – န /ဒဇင်/ မြက်ပင်၊ ကောက်ပင်များကို ရိတ်ဖြတ်ရသော လက်ကိုင် ရိုးတပ် အသွားကောက်သော သံကိရိယာ။
တံဇဉ်စာ – န /ဒဇင်စာ/ စပါးရိတ်ရာတွင် ကြွင်းကျန်ရစ်သော စပါးနှံ။
တံဇဉ်ပြန် – န /ဒဇင်ပျန်/ (ရေရှိသော လယ်ကွက်များတွင်) ရိုးပြတ်မှထွက်သော စပါးနှံများကို တဖန်ရိတ်ခြင်း။
တံဇောင်း – န /ဒဇောင်း/ အများအားဖြင့် လေးတောင်ခန့်ရှည်၍ လုံးပတ် လက်မဝက်သာသာရှိသော ဆောက်ခုံး။ (အိုးစည် လက်တံ ဖောက်ရသည်။)
တံညှပ်
တံတင်း(သေတ္တာ)
တံတွာသဘော
တံတွေး
တံတား
တံတိုင်း(အကာ)
တံတောင်ဆစ်
တံပြက်
တံပွတ်တံ
တံပိုး(မှုတ်စရာ)
တံပိုးလှိုင်း
တံပူ(ဒန်ပူ)
တံဖျင်ပင်
တံမျဉ်းကြိုး
တံမြက်စည်း
တံမြွာ(တူရိယာ)
တံရှည်(တူရိယာ)
တံလှပ်(တံလျှပ်)
တံသင်းငြောင့်
တံသုတ်
တံသုတ်ကျမ်း
နွားရိုက်တံဖျာ
ရေတံလျှောက်
လက်တံ
သစ်ရွေတံစည်း
တန်
တန်ကျစ်ကွက်
တန်ကျစ်နွယ်ပင်
တန်ခိုးတေဇာ
တန်ခူးလ
တန်စမ်း(ရေထွက်)
တန်စယ်မြေ
တန်စွက်ပင်
တန်စီး(ရွှံ့)
တန်ဆင်းပင်
တန်ဆာပလာ
တန်ဆေးတမန်
တန်ဆောင်းပြာသာဒ်
တန်ဆောင်ဆီမီး
တန်ဆောင်တိုင်
တန်ဆောင်မုန်းလ
တန်တား(အမှာစာ)
တန်ပြန်-
တန်ဖိုးဖြတ်-
တန်ရှယ်(အိုးစည်)
တန်ရာတန်ကြေး
တန်ရုံသင့်ရုံ
တန်လည်းရေကျ
ထိုက်တန်
မဂ်လေးတန်၊ ဖိုလ်လေးတန်
လက်ဆွဲတန်ဆာ
လူကြီးတန်မဲ့
အကျင့်တန်
အကျည်းတန်
အချိန်တန်
“လူကလေးရဲ့ အိပ်ချိန်တန်၊ ဗျိုင်းရှေ့ကပျံ၊ ပျံလေတဲ့ ကိုရွှေဗျိုင်း၊ ညွှတ်တွေကဝိုင်း။”
လူကလေးရဲ့အိပ်ချိန်တန် (ဆို - နွဲ့ယဉ်ဝင်း) ttps://www.youtube.com/watch?v=Vy-ammDYF0U
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment