အလိုကြီး။ အရနည်းဟူသောစကား အကြောင်း
အလိုလောဘ။ ကြီးလွန်းက။ အရနည်း။ ချမည်။
အလိုနည်းပါး။ ဖြောင့်သူအား။ အများရတတ်သည်။
၁။ ။ လူတဦး၌ အလွန် ထူးဆန်း အံ့ဩဘွယ်ကောင်းသော ငန်းတကောင်ရှိရာ။ ထိုငန်းသည် နေ့တိုင်း နေ့တိုင်း ရွှေဥ တလုံး တလုံးဥသဖြင့်။ တနေ့ ထက် တနေ့ ရွှေများလာပြီးလျှင် ချမ်းသာကြွယ်ဝ သည့်အဖြစ်သို့ ရောက်လေ၏။
၂။ ။ ထိုသူသည် တနေ့လျှင် ရွှေဥတလုံးစီသာ ရနေ၍ အလွန် နှေးလှ
သည်။ တခဏခြင်းပင် အမြောက်အမြားရလိုသည်ဟု။ လောဘပိုမို။ အလိုကြီးလွန်း သောကြောင့်။ ငန်း၏ ဝမ်းတွင်း၌ ရွှေအမြောက်အမြားရှိမည် အထင်အမှန်နှင့် ငန်းကိုသတ်၍ ဝမ်းထဲ၌ ရှာဖွေရာ။ ရွှေမတွေ့ဖြစ်လေ၏။
၃။ ။ထိုအခါ ငန်းရှင်သည် ငါးဖမ်းကိုသတ် မိသည်မှာ မှားလေစွတကားဟု စောင်တင်ကြီးစွာရှ ရှိလျက် မိမိကိုယ်ကို အပြစ်တင်လေ၏။ ထိုကြောင့် အလိုကြီးလျှင် အရနည်းသည်။ အလိုနည်းလျှင် အရနည်းသည်' ဟု လူတို့ဆိုရိုးရှိသည်ကို သတိပြုရာသည်။
မှတ်ရန်
သူငယ်တန်းစာမကျေသူတွေက -
တဦး ကို မှန်အောင်မရေးတတ်။
တကောင် ကို မှန်အောင်မရေးတတ်။
တဥ ကို မှန်အောင်မရေးတတ်။
တနေ့ ကို မှန်အောင်မရေးတတ်။
တခဏ ကို မှန်အောင်မရေးတတ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment