Skip to main content

မြင်ထင်ဘုရားတိုင်-မယ်ဘွဲ့ရတု

ဖူးပါစေချင်၊ မြတ်ချစ်ရှင်ဝယ်၊ လက်ငင်ကြည်ဖြူ၊ စုံဘိမူကား၊

အတူသံမြ၊ တောင်းတို့ရ၏၊ ကဲဆထပ်ကာ၊

နောင်သာနောင်ချည်း၊ ဖော်နည်းမရွှင်၊ မြတ်မြင့်ထင်ဝယ်၊

အိမ်ရွှင်ကလျာ၊ မယ်-မပါဟု၊ မျှော်ကာမတည်၊ မူးမော်လည်ရှင့်၊

ကျွတ်မည်ဆုမျှ၊ မြွက်ဟမိန့်ပြတ်၊ မတောင်းတတ်ခဲ့၊ ရှိဝတ်ပူဇော်၊

ကြည့်ချေမြော်သော်၊ ရှင်တော်ကြငှန်း၊ ထွတ်ဦးစွန်းသည်။

ပြောင်ရွှန်းပြောင်ဝေ ဝှန်တော့သည်။ 

ဦးကာရွှေတင်၊ ဆယ်မီးတင်သို့၊ ကေသျှင်သွယ်မြ၊ စည်းစကပင်၊

သက်မျှမိပေ၊ မျိုးမြုတေကို၊ ဖန်ဝေမူးမော်၊ မြင်တိုင်းမြော်သော်၊

တိမ်ပေါ်လျှံထွန်း၊ သစ်ရိပ်နန်းက၊ ကြော့လန်းဆင်းဝါ၊

တောင်လှန်းကာလျှင်၊ သန္တာခြေဆွဲ၊ လည်ချင်နွှဲ၍၊

ရောင့်ရဲပျော်ရေး၊ ပါစံ့မေးလိမ့်၊ ကျူးအေးသာယာ၊ အခါသရစ်၊

သည်အဖြစ်ကို၊ ငယ်ချစ်မမြင်၊ ပျော်ဖွယ်ဖျင်မျှ၊ မြိုင်ခွင်ပတ်ဝန်း၊

ရှုဘွယ်ဆန်းသည်။ ။  ခေါင်နန်းခေါင်ဗွေ မှန်တော့သည်။   

ဖြူးကာဝေဆင်၊ တောတပြင်လည်း၊ ပျော်ချင်ဖွယ်သာ၊

မြိုင်ရိပ်ကာလျက်၊ နံ့သာကြိုင်မွှန်း၊ လှကြဝှန်း၏၊ ပြိုင်မှန်းစံတည်၊

နှုန်းသင့်မည်ကား၊ ဖွေနှည်လူ့ရွာ၊ ရခဲစွာရှင့်၊ ဗယ်-ညာရံသန်း၊

ရွေပေါင်းဝန်းသည်။ ။တောင်နန်းတောင်နေ ရန်တော့သည်။ ။

(နတ်ရှင်နောင်ရတုပေါင်းချုပ်-ရတုအမှတ်-၅၁)

နတ်သျှင်နောင် , ရတုပေါင်းချုပ်

https://drive.google.com/.../1zv7GnTADb1.../view...

#ရှေးစာကဗျာများ

မှတ်ရန်

မတောင်းတတ်ခဲ့ သည် မတောင်းတက်ခဲ့ မဟုတ်။

တတ် နဲ့ တက် မှားရေးနေကြသူများအတွက် ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ