တောတွေတောင်တွေ၊ ကျောက်ဂူတွေထဲမှာ မဟာလူသားတွေ နေထိုင်ခဲ့ကြတယ်။
တနေ့တော့
သူတို့ထဲက လူသားတယောက်ဟာ အက်ကွဲနေတဲ့ ကြေးမုံတချပ် ကောက်ရလာပါသတဲ့။
ကြေးမုံမှန်ထဲမှာ သူ့ပုံပန်းကိုမြင်တော့ လွန်စွာသဘောကျ။
ဂူထဲမှာ အတူနေထိုင်သူတွေပြ။
အားလုံးက သဘောကျ။
(၂)
နောက် လတွေ နှစ်တွေအတန်ကြာတော့
သူတို့ထဲက တခြားတယောက်ကလည်း ကြေးမုံမှန်ချပ် ကောက်ရလာပြန်ပါသတဲ့။
ဂူအောင်း အဖေါ်တွေကိုပြ။
အဲဒီအသစ်ကြေးမုံနဲ့ အရင်ကြေးမုံမှာ ပေါ်တဲ့ လူရုပ်တွေက မတူပါချေ။
ကွဲတဲ့မှန်မှာ ပေါ်တဲ့ရုပ်ပုံကိုသာ အသေစွဲလာသူတွေအတွက် ဝေခွဲမရ။
ခက်ကြပြီ။
(၃)
ပညာရှိဇီးကွက်တဦး ထွန်းလာပါပြီ။
မကွဲသေးတဲ့မှန် မူမမှန်။
ကွဲအောင်ခွဲစေ။
ခွဲလိုက်ကြသည်။
သြော် အခုမှ အမှန်။
(၄)
ယနေ့ခေတ်မြန်မာစာသည်လည်း ထိုနည်းနှင်နှင် ဖြစ်ပါသတည်း။
အမှန်ပြတာကို မှန်တယ်မထင်ကြတကား။
ခွဲစေ။
ကွဲပါတော့သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment