ဆရာ ချန်ပီယံလို့ ယပက်လက်သေးသေးတင်ရေးရလားလို့ပါဆရာ။
ဘာသာခြားစာလုံးတွေကနေယူထားတာမှာ
မြန်မာလို စံကိုက်သတ်ပုံမရှိပါ။ အသံထွက်နီးစပ်တာသာ ယူကြရတယ်။ တယောက်တမျိုးလို
ရေးကြတယ်။ ဒါပေမယ့် မသင့်တာလေးတွေရှိတယ်။ ဥပမာ ချန်ပီယံ၊ ချံပီယံ၊ ချန်ပီယန်၊
ချံပီယန် ရေးလို့ရတယ်။ ချမ်ပီယမ်၊ ခြမ်ပီယမ်ဆို မမှန်။ အတိအကျဆိုရင် ချမ်ပီယန်၊
ချမ်ပီယံ ကသာ မှန်မယ်။
အာထွာဆောင်းကို အာထွာစောင်းလို့ရေးရင်
မမှန်။
ဆူပါမားက်ကို စူပါမားကက်ဆို မမှန်။
ဆူပါမင်းကို စူပါမင်းဆို မမှန်။
တီဘီကို တီဗွီဆို မှားတယ်။
ကင်ဆာကို ကင်စာဆို မှားတယ်။
အင်န်အေအင်မ်အီး ကို အင်္ဂလိပ်သံ
နိမ်းလို့ထွက်မှ မှန်တယ်။ နိန်းဆို မမှန်။ နိန်းဆိုရင် ဟင်ဒီစကားဖြစ်သွားမယ်။
ကွန်ပြူတာလို့ ပြောကြ ရေးကြပေမယ့် အမှန်က
ကွမ်ပြူတာ၊ ကွမ်ပျူတာသံ ထွက်ရတယ်။
အင်္ဂလိပ်လို့ ရေးကြပေမယ့် ယုဒသန်က
အင်္ဂလိတ်လို့ပြန်တယ်။
စီအိုအင်မ်အီး ကို ကမ်းလို့ ထွက်မှ
မှန်တယ်။ ကန်းဆို မှားပြီ။ မျက်စိမမြင်တော့။
အင်္ဂလိပ်စားလုံးမှ မဟုတ်ပါ။
မြန်မာဘန်းစကား အလန်းကို အလမ်းလို့ရေးရင် နာရီးနှိုးစက်ဖြစ်သွားတယ်။ အရမ်းကို
အရန်းလို့ရေးရင် ခေါင်ရန်းပန်းဖြစ်သွားမယ်။
ဒေါက်တာတင့်ဆွေ
၂၇-၁၀-၂၀၁၇
Comments
Post a Comment