တင်ထားတာတခု = မြန်မာ့နိုင်ငံရေးက အများကြီးရှုပ်ထွေးပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ် ဖြစ်နေတာပါ။ မြန်မာ့နိုင်ငံရေး သဘောသဘာဝကို နားလည်ရင် ဖက်ဒရယ် ဒီမိုကရေစီ နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ဆိုတဲ့ ဝေါဟာရ အငြင်းပွါးမှုကို နားလည်နိုင်မှာပါ။ ဒီဝေါဟာရကို အဓိက အတိုက်အခံလုပ်နေကြတာက တိုင်းရင်းသားခေါင်းဆောင်တွေပါ။ ဖက်ဒရယ်အကြောင်း၊ ဒီမိုကရေစီအကြောင်း နောကျေအောင်သိတဲ့ ပညာတတ်တွေပါ။ နာမ်နဲ့နာမဝိသေသနရဲ့ အနက်ကို ကောင်းစွာ သိရှိနားလည်ကြသူတွေပါ။ ရှေ… See more
မှတ်ချက်
ကျေးဇူး။
စကားလုံးတွေ၊ ဝေါဟာရတွေနဲ့ သတ်ပုံတွေကို နိုင်ငံရေးလုပ်ထားတာ နှစ်ပေါင်း ၄၀ ကြာပြီ။
ရန်ပွဲနဲ့ တိုက်ပွဲတွေကလည်း ရာစုနှစ်တဝက် ကျော်ပြီ။
'ဖက်ဒရယ်' နဲ့ 'ဖယ်ဒရယ်' လည်း ငြင်းကြတယ်။
'မြန်မာ' နဲ့ 'ဗမာ' လည်း ရန်ဖြစ်ကြတယ်။
'တိုင်း' ကို 'တိုင်းဒေသကြီး' လို့လည်း လျှာရှည်ထား။
'သမတ' မ ၁ လုံးနဲ့ ၂ လုံး။ ၂ လုံးကသာ ၂၀၀၈ နဲ့ညီပါသတဲ့။
မူရင်း စံကိုက် သတ်ပုံတွေ ထောက်ပြသူကို ရန်သူစာရင်းသွင်းသူက များတယ်။
တင်ထားသူ တိုင်းရင်းသားတဦး။
ကျွန်တော်လို ဗမာ အညာသားကရေးရင်တော့ နိုင်ငံရေးရာဇဝတ်သင့်မယ်။
အဲလိုဖြစ်လာအောင် လုပ်ထားသူတွေကတော့ ဟဲ ဟဲ ဟဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment