“မည်သူတဦးတယောက်ကိုမျှ အထင်ကြီးလေးစားအောင်
သက်သေပြနေစရာ မလိုတော့သည့် အရွယ်သို့ ရောက်ရှိလာခြင်းမှာ
ငြိမ်းချမ်းသော ကျေနပ်နှစ်သက်မှုတမျိုး ရှိသည်။”
နွေရာသီနဲ့ မိုးရာသီတလျှောက်လုံးမှာ
စိမ်းစိုရွှန်းမြ အလွန်လှပတဲ့ အရောင်အသွေး ပေးခဲ့ပြီးပြီ။
ဆောင်းဦးရာသီမှာတော့ -
သစ်ရွက်တွေဟာ ဝါ၊ ရွှေ၊ နီ၊ ညိုကြရ
သွေ့ခြောက် ကြွေကျကြရပါပြီ။
အခုလို အရောင်အသွေးနဲ့ အေးရိပ်ဆာယာ မပေးနိုင်တာ့ချိန်မှာ
သင်သည် -
တချိန်က အစွမ်းကုန်စွမ်းဆောင်ခဲ့ပြီးကြောင်း ဂုဏ်ယူပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment