- မိဘခြေရာနင်း
- ဆရာ့ခြေရာနင်း
- ခေါင်းဆောင်ခြေရာနင်း
စသဖြင့် အသုံးစကားတွေရှိတယ်။
ခြေရာလက်ရာမပျက် ထိန်းသိမ်းကြရတယ်ဆိုတဲ့စကားလည်း ရှိတယ်။
“မင်းရဲ့ ခြေလှမ်းတွေနဲ့ အတွေးတွေဟာ မင်းရဲ့နှလုံးသားနဲ့ ဝိညာဉ်လမ်းညွှန်ပြသနေတဲ့ လမ်းကြောင်းအတိုင်း တူညီစွာ သယ်ဆောင်သွားတဲ့အခါမှာတော့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဆိုတာကို မင်းအနေနဲ့ သံသယဖြစ်စရာမလိုဘဲ အသေအချာ သိရှိလာပါလိမ့်မယ်။”
— မော်လီ ဖရီးဒန်ဖဲလ်
“မင်းရဲ့နောက်က လိုက်လာမယ့်သူတွေအတွက် ဘယ်လိုခြေရာမျိုးတွေကို ချန်ထားခဲ့မှာလဲ။”
— ကေသီ ဘီ
သင့်ခြေရာတွေ ဘယ်မှာထင်ကျန်ရစ်ခဲ့ပါသလဲ။
ခြေရာဆိုတာ -
စိုနေတဲ့သောင်ပြင်မှာ ထင်ကျန်နေတတ်တယ်။
ရွံ့စိုစိုမှာလည်း ထင်ကျန်နေတတ်တယ်။
သဲခြောက်၊ ရွံ့ပျောက်တော့ ခြေရာပျောက်မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment