ကျွန်တော်ရေးထားတာ မနည်းတော့ပါ။ စာရင်းတော့ မလုပ်အားသေး။
ကျွန်တော့်ကို ဆရာဝန်မှန်းတော့ သိသူက များတယ်။
ဖေ့စ်ဘွတ် မပေါ်ခင် နိုင်ငံရေးစာတွေ ရေးပါတယ်။
ဆရာဝန်က နိုင်ငံရေး ဘာလို့ရေးသလဲ မေးတဲ့သူ မရှိသလောက်ရှားပါတယ်။
နိုင်ငံရေးတာဝန်တဖက်နဲ့ ဆေးပညာစာတွေရေးပြန်ပါတယ်။ မေးတာတွေကိုလည်း ဖြေတယ်။ စာပုဒ်ရေ ၁၆၁၈၉ ရှိပြီ။
ကျန်းမာရေးမေးခွန်းတွေမှာ စာရေးတာတွေမှားကြလို့ ပြင်ပေးရာကနေ သတ်ပုံစာကို စရေးတယ်။
ဖေ့စ်ဘွတ် ပေါ်လာတော့ တင်သမျှစာတွေမှာ အလွဲတွေ၊ အမှားတွေများလွန်းလို့ မြန်မာစာ ရေးဖြစ်ပြန်တယ်။
ဆေးပညာစာ မဟုတ်တဲ့စာပုဒ်ရေ ၂၃၃၅၀ ရှိပြီ။ နိုင်ငံရေး၊ မြန်မာစာ၊ သုတစာနဲ့ သမိုင်းစာတွေ ပါတယ်။
ဆရာဝန်ကို သမိုင်းစာမရေးရလို့ ပြောကြဦးမည်။
သမိုင်းမသိသူတွေဟာ အလိမ်ခံရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment