Skip to main content

Puppy ပါပီသတင်း

သတင်း = ညောင်ရွှေသို့ရောက်ပါပီ

ပါပီ ညောင်ရွှေရောက်ပြီတဲ့။ (ကန်တော့။)

အခုခေတ်မှာ ပါပီ ခေါ် ခွေးကလေးကို 

- ရိုသေသူတွေ

- လေးစားသူတွေ

- ချစ်ခင်မြန်နိုးသူတွေ ပေါ်ပေါက်လာပါတယ်။

Puppy ပါပီ ခေါ် ခွေးကလေးအား ရိုသေလေးစားကြသူများ

1. ၂၅နစ်(နှစ်)ပါ အိမ်ထောင်ရှိပါတယ် ဆရာ ကျမ ကလေးပျက်ကျထားလို့ သားအိမ်ထဲ ပစ္စည်းထည့်ထားပါတယ်ဆရာ ၂ နှစ်ကျော် ပါပီ(ပါပြီ) ထည့်ထားတာ ရာသီက ပုံမှန်လာပါတယ် ဒီလမှာ ၂ဝရက်ကျော်မှ ထပ်လာပီး(ပြီး) = ခွေးကလေးအား တလေးတစားပြောဆိုခြင်း (ကန်တော့)

2. 2နစ်(၂ နှစ်)ကျော် ပါပီ(ပါပြီ)ထည့်ထားတာ ပစ္စည်းပါဆရာ သားအိမ်ထဲထည့် ထားတာပြောတာပါ (ကန်တော့)

3. ၂နှစ်ပြည့်ပါပီရှင့် 

4. Depo ထိုးတာ ၁၃ လုံးရှိပါပီ(ပါပြီ) ရှင့် ၃နှစ်ကျော်ပါပီ(ပါပြီ)ဆရာ

5. Share ပါပီ ဆရာ = ခွေးကလေးအား တလေးတစားပြောဆိုခြင်း

6. ကျတော့်ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်(ပျောက်)ပါပီ(ပါပြီ) ပီးတော့(ပြီးတော့) ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပါပီ(ပါပြီ) (ကန်တော့)

7. ကျေနပ်ပါပီ

8. ကီမိုဆေး ၃ ကြိမ်သွင်းပီးပါပီး (ပြီးပါပြီ)

9. ခြေထောက်မကြာခဏအကြောကပ်ပီး(ပြီး)အချိန်တော်တော်ကြာပါတယ်။ 

10. စွန့်လွှတ်လိုက်ပါပီ (ပါပြီ) 

11. စားလို့ရပါပီးရှင်(ပါပြီ) 

12. ဆက်သွယ်မှာယူနိုင်ပါပီရှင့်(ပါပြီ) 

13. ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ(ပါပြီ) ပီး(ပြီး)တော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေး တိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ(ပါပြီ) (ကန်တော့)

14. ဆရာအသက် ၂၄ပါ မိန်းကလေးပါ အဖြူတေ(တွေ)တအားဆင်းp(ပြီး) ယားpး(ပြီး) ယောင်(ရောင်)နေလို့ပါ အပျိုပါ ကျေးဇူးပြုပီး(ပြီး) ပြောပြပေးပါရှင်(ကန်တော့)

15. တော်ပါပီအပျိုကြီးလုပ်တော့မယ် (ပါပြီ) 

16. ဒီနေ့ဆို အဖေ အဆုတ်ကင်ဆာ ရောဂါစိုး(ဆိုး)ကြီးနဲ့ လူ့လောကထဲက ထွက်ခွာသွားတာ ၁ လ ပြည့်ခဲ့ပါပီ(ပါပြီ)

17. နေကောင်းပါပီ = ပါပီကလေး နေကောင်းသွားပြီတဲ့။

18. နေပူရေခမ်းလို့ ငါးနုသန်းရှားနေပါပီ(ပါပြီ)ရှင့် - ရေခန်းလို့ ရေးရ။ ပင်လယ်ရေ ဘယ်မခန်း မထွေးအမိဖမ်း။

19. ပို့လိုက်ပါပီရှင့်(ပါပြီ) 

20. မှာနိုင်ပါပီရှင့်(ပါပြီ) 

21. မုန်းလိုက်ပါပီ(ပါပြီ) 

22. မေးနေတဲ့ မမတို့တွက် ရပါပီရှင့် = မမတို့အား ခွေးကလေးလက်ဆောင်ပေးခြင်း

23. ရပါပီရှင့် = ခွေးကလေးအား တလေးတစားပြောဆိုခြင်း

24. ရပါပီရှင့်(ပါပြီ) 

25. ရောက်ပါပီရှင့်(ပါပြီ) 

26. လေယာဥ်လေးတွေ ထပ်ရောက်ပါပီရှင့် (ပါပြီ) 

27. သေပါပီဟဲ့ (ပါပြီ) 

28. ဟင်းစုံပါပီရှင့် = ခွေးကလေးအား တလေးတစားကျွေးမွေးခြင်း

29. ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါပီ = ခွေးကလေးအား တလေးတစားပြောဆိုခြင်

30. အကြော်စုံ ပူပူလေး ရပါပီရှင့်(ပါပြီ) 

ARV ခေါ် ခွေးရူးကာကွယ်ဆေး အလွယ်တကူရနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ