Skip to main content

Posts

အော့

ဥပုသ်စောင့် ကဗျာ ဆွမ်းအုပ်နီနီ၊ အမေရွက်လို့ နက်ဖြန်မနက်၊ ကျောင်းထွက်မယ်။ မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့ အမေသွားတော့၊ ပျင်းလှတယ်။ ကျောင်းကြီးပေါ်မှာ၊ မောင်ငယ်ဆော့တော့ ဘုန်းကြီးအော့လို့၊ ရိုက်လိမ္မယ်။ မောင်မဆော့ပေါင်၊ စိပ်ပုတီးနဲ့ ဘုန်းတော်ကြီးလို၊ နေပါ့မယ်။ လိုက်မယ်၊ လိုက်မယ်။ အော့က အမှန်လား ဆရာ ဆော့ နဲ့ အော့ကာရန်ယူတာဖြစ်ပါမယ်။ အော့စာလုံးမှာ ဆိုလိုချက်တွေ များတယ်။ အော့  • မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ခြောက်လုံးမြောက် သရ။ • အစာအိမ်မှ အစာ၊ အရည် စသည် ပါးစပ်မှ ပြန်ထွက်သည်။ • အန်ထုတ်သည်။ • အပြောက မယဉ်၊ အသွင်ကရိုင်းရိုင်း၊ လူမြင်တိုင်း အော့သူကို။ • အော့ကြောလန် • အော့နာကျ • အော့နာဝမ်းကျ • အော့နှလုံးနာ • အော့အန် ဒေါက်တာတင့်ဆွေ

စုဗူးကလေး

စုဗူးကလေး တကျပ်တန် မုန့်ဘိုးရလို့ မုန့်အမျိုး စုံအောင်သာ စားခဲ့ပေါကွာ။ ရင်ပြည့်လို့ ဗိုက်နာတယ် မိုက်ပါဘိ ကလေး။ နောက်တခါ ရပါယင် ကုန်မစားပါဘူး စုထားမယ်လေး။ (နုယဉ်) တကျပ်လည်း တန်ဖိုးရှိစဉ်က မြန်မာစာလည်း တန်ဖိုးရှိခဲ့တယ်။ အခုခေတ်မှာ ထပ်တရာ စားစရာမဟုတ်တဲ့။  ကလေးဗူးမှုတ်တာကလွဲရင် ဘူးတဲ့။  ဗူးဘုရား ရှိမှန်းမသိသူတွေက မြန်မာစာဆရာလုပ်နေကြတယ်။  ထပ်တရာမဟစားဘူးသူတွေက စာရေးဆရာ။  ကလေးက ဘူးမှုတ်ပါတယ်။ ကလေးမရှိသူတွေက ကဗျာဆရာ။  ဒေါက်တာတင့်ဆွေ

ပဏ္ဏာ ပနာ ပနံ

- မိုးရေတက်ရေ တဖွေးဖွေး - ကွင်းကျယ် အဝေးဝေး - လယ်စောင့်တဲလေး ခြေတံရှည် - မိုးကုပ်အောက်မှာတည် - ကြာနီတပွင့် ဖြူတပွင့် - တဲနှင့် ပနာတင့်။   ။ ၁။ ပဏ္ဏာလားလို့ပါဆရာ ၂။ တဲနှင့် ပနာတင့် ကြာနီတပွင့် ဖြူတပွင့်ပို့စ်အောက်မှာ မေးတယ်။ ပနံတင့် မဟုတ်ပါဘူးလား။ ဆရာမင်းသုဝဏ်ရေးတဲ့မူရင်းကဗျာမှာ ပနာတင့်လို့သာဖြစ်ပါတယ်။ မေးစရာကောင်းပါတယ်။ ဒီကဗျာမှာ ပဏ္ဏာ မဟုတ်ပါ။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ထဲမှာ ပနံစား ပနံရ ပနံသင့် ကဗျာ၊ သီချင်း၊ ကာတွန်း။ ဆောငပုဒ် စတာတွေမှာ အသံ၊ ကာရန်၊ အားကိုယူပြီး ရေတာလည်း ရှိပါတယ်။ ဥပမာ ပန်းသည်ကဗျာကို သီချင်းသံသွင်းတော့ ဂီတသင်္ကေတစာရွက်မှာ ပန်းသယ်လို့ ရေးပါတယ်။ ဂီတသင်္ကေတစာရွက်မှာဘဲ သီချင်းခေါင်းစဉ်က ပန်းသည်။ ပဏ္ဏာ = (ပါ) ပဏ္ဏာကာရ၊ လက်ဆောင်။ ပနာစားတယ် ပဏ္ဏာ = လက်ဆောင်ပစ္စည်း။ ပဏ္ဏာကာရ။ ထက်ဝန်းမင်းတို့၊ စင်းလျင်းစေပါ၊ ချစ်ခြင်းရာဖြင့်၊ ပဏ္ဏာလက်ဆောင်၊ မိန့်စာစောင်နှင့်။ ဟင်္သာ*၆၁။ မပြုံး တပြုံ့ ပြုံးတပြုံ့၊  မထုံး တထုံ့ မင်ကေသီ၊ မဖုံး တဖုံ့ ရွှေထဘီဝယ်၊  လျှံနေခြည်ရောင် လဲ့ပြောင်ဝင်း။ လှမျိုးသေတ္တု တပွင့်ရွှေငယ်၊  ခင်ခင့်အမေ မွေးတတ်လိုက်လေခြင်း။ ။ သောင်းခွင်လ...

၁ - ၂ စာကိုချစ်

ဆရာ။ ဆယ်ခုလို့ရေးမှ မှန်တာလား။ (၁၀) ခုလို့ ရေးမှမှန်တာလား။ ကိန်းဂဏန်းကို ဘယ်လိုရေးရမလဲ။ စာသားနဲ့လား။ ဂဏန်းနဲ့လား ဆရာ။ ၂ မျိုး (နှစ်မျိုး) လုံး ရေးနိုင်ပါတယ်။ (၂) လို့လည်းရေးသလို ၂ လို့လည်း ရေးတယ်။  ဒါပေမဲ့ မြန်မာစာနဲ့ရေးတာမှာ 2 နှစ်လို့ ရေးတာ သင့်တော်ခြင်း မရှိပါ။ အသက် 2 နှစ်ကို တူးနှစ်လို့ဖတ်ရလိမ့်မယ်။  ကျန်းမာရေးမေးခွန်းတွေမှာရော ဈေးရောင်းတာတွေမှာပါ ၁-၂-၃-၄ အစား 1-2-3-4 နဲ့ရေးနေကြတာ မျက်စိထဲမှာ အဆင်မချောလှပါ။ ကျောင်းတွေမှာ အဲလိုသင်ပေးနေသလား မသိ။ အခုခေတ်မှာ 4 လ လို့သာ ရေးနေကြတယ်။ အဲလိုရေးတာကို ဖတ်ရင် 'ဖိုးလ' ဖြစ်ပါမယ်။ ကျမ အသက် 40 = ကျမ အသက် 'ဖော်တီး' ကလေး 2 ယောက်ရှိ = ကလေး 'တူး' ယောက်ရှိ နေမကောင်းတာ 5 ရက်ကြာ =နေမကောင်းတာ 'ဖိုက်' ရက်ကြာ  တနေ့ 1 ခါ ဘုရားရှိခိုးပါ = တနေ့ 'ဝမ်း' ခါ ဘုရားရှိခိုးပါ  စကား အင်္ဂါ ငါးတန် https://burmese-spelling.blogspot.com/2024/06/blog-post_33.html ငွေတကျပ်ကို လေးမတ် ဆယ်မူး https://burmese-spelling.blogspot.com/2023/03/blog-post_21.html တချိန်တည်း နှင့် ၁-၂-၃-၄ https://burmese-spelling.blogspot.com/2022/11/blog-post_5...

It's Up to You လူကြီးမင်း သဘောပါဘဲ

ကွန်မင့်တခု = မြန်မာစာ အဖွဲ့က ထုတ်တဲ့ မြန်မာစာလုံးပေါင်း သတ်ပုံ အဘိဓာန်' ကိုပဲ အမှန်ယူပါရစေ!ဒေါက်တာ တစ်ဆွေ(sorry!)တင့်ဆွေ ခင်ဗျာ!" မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ၅ တွဲကိုလည်း မြန်မာစာအဖွဲ့က ထုတ်ပါတယ်။ အားလုံး သတ်ပုံတွေမှန်တယ်။ နိုင်ငံတော့ တူပေမဲ့ စတာလင်လက်ထက်က ဆိုဗီယက်ယူနီယံနဲ့ ဂိုးဘာချော့လက်ထက်က ဆိုဗီယက်ယူနီယံ မတူပါ။ နိုင်ငံတော့ တူပေမဲ့ ဆာမူရိုင်းခေတ်က ဂျပန်ပြည်နဲ့ မေဂျီခေတ်က ဂျပန်ပြည် မတူပါ။ နိုင်ငံတော့ တူပေမဲ့ အနော်ရထာမင်းလက်က မြန်မာပြည်နဲ့ သီပေါမင်းလက်ထက်ကမြန်မာပြည် မတူပါ။ ပေလေးပင်ရှင်းလေးပါးခေတ်က မြန်မာစာလည်းနဲ့ ဗိုလ်နေဝင်းနောက်ခေတ်ကမြန်မာစာ မတူတော့ပါ။ လူကြီးမင်း သဘောပါဘဲ။ ဒေါက်တာတင့်ဆွေ

တရားပြသူများ

ကွန်မင့်တခု = ပညတ်တွေပါ သတ်ပုံ မှန်မှန်မှားမှား ပညတ်တွေပါလို့ တရားပြသူတွေဆီက ကွန်မင့်တွေခဏခဏလာတယ်။ အဖေလည်း ပညတ်။ ဘိန်းစား ကလေးကချေလည်း ပညတ်။ (ကန်တော့) အမေလည်း ပညတ်။ ကာရာအိုကေက ကျယ်မလည်း ပညတ် (ကန်တော့) တရားစာအုပ်လည်း ပညတ်။ စက္ကူစုတ်လည်း ပညတ်။ ကန်တော့။ ဘုရားဆင်းတုတော်လည်း ပညတ်။ လမ်းဘေးကကျောက်တုံးလည်း ပညတ်။ ကန်တော့။  ကွန်မင့်လည်း ပညတ်။ အခုလို ပြန်ငေါ့တာလည်း ပညတ်။ ကန်တော့လို့ ထပ်ရေးရန် မရှိ။ ဒေါက်တာတင့်ဆွေ

ဆယ်ရေးတရေး ကိုးရေးတရာ

ဆရာခင်ဗျာ “ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ” ရဲ့ ဆိုလိုရင်း နဲ့ အနက်စစ်ကိုသိချင်ပါတယ် ခင်ဗျ။ စကားပုံ သတ်ပုံမှားနေသည်။ ဆယ်ရေးတရေး ကိုးရေးတရာ ဖြစ်ပါသည်။ ဆယ်ရေးတရေး ကိုးရေးတရာ စကား ပေါ်ပေါက်လာပုံ (မှော်ဘီဆရာသိန်း) https://www.youtube.com/watch?v=gJoBpROTBj8 ဒေါက်တာတင့်ဆွေ