Skip to main content

Posts

မြန်မာမင်း လွှတ်တော်သုံးသတ်ပုံ

- ဘိုးတော်လက်ထက် ရေးသားလိုက်နာရန် ဘုရင့် အမိန့်တော်စု၊ - သီပေါမင်း လက်ထက် ၁၂၄၀ ပြည့်နှစ် တောင်ဥယျာဉ်တော် ရဟန်း~လူ ပညာရှိစုံညီ အစည်း‌အဝေးက စုံညီညှိနှိုင်းချက် တင်သွင်းစာ၊ - တောင်ဥယျာဉ်တော် အစည်းအဝေး ဆုံးဖြတ်ချက်အရ ရေးသားနည်းများတွင် လိုက်နာရန် အမိန့်တော်၊ - အစည်းအဝေးပါ ပညာရှိမှူးမတ် ၂၈ ဦး အမည်မှတ်တမ်း။ (ဟံသာဝတီတိုက် မူ) ဒေါက်တာတင့်ဆွေ

သင်္ကဿနဂိုရ်မှာ (၂)

သင်္ကဿနဂိုရ်ဟာ ကနေ့အိန္ဒိယမြေပုံမှာ Sankisa လို့ခေါ်တယ်။ ယူပီပြည်နယ်ထဲမှာ၊ ဒေလီနဲ့ လပ်ခနောင်းမြို့ ကြားမှာရှိတယ်။ Sankassa နဲ့ Sankasia လို့လည်းခေါ်တယ်။ Sankissa နဲ့ Sankasya လို့လည်း ခေါ်တယ်။ အာသောကမင်းကြီးကရှာဖွေပြီး ကျောက်တိုင်စိုက်ထားခဲ့တယ်။ အခုတော့ ပျက်စီးနေပြီဖြစ်တဲ့ စေတီလည်း တည်ထားခဲ့တယ်။ စိတ်ကူးယဉ် ရာမယနဇာတ်ထဲမှာ သီတာမင်းသမီးဖခင် နေခဲ့တယ်လို့ ဆိုထားတယ်။ မြိုတော်ရဲ့အဝင်ဝနေရာဟာ မြတ်စွာဘုရား အဘိဓမ္မာတရားဟောကြားအပြီး တာဝတိံသာနတ်ပြည်ကနေ ပြန်ဆင်းအလာ ဆိုက်ရောက်တဲ့နေရာလို့ မှတ်တမ်းချို့ကဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက သီတင်းကျွတ်လပြည်နေ့မှာ ဆီမီးတွေ မီးရောင်စုံတွေ ထွန်းညှိပူဇော်ကြပါတယ်။ ကျွန်တော်တို့ မိသားစုက သီတင်းကျွန်လပြည့်တိုင်း ရောက်ရှိနေရာဘယ်မှာဖြစ်ဖြစ် မီးထွန်းကြပါတယ်။ ခါတိုင်းတော့ ကျွန်တော့်သက်စေ့ထက် ဖယောင်းတိုင်တတိုင် အပိုထွန်းတယ်။ ကနေ့တော့ ဖယောင်းမီးခွက်အရေအတွက် နည်းလို့ ဆယ်ခွက်တည်းသာထွန်းညှိပူဇော်ပါတယ်။ စိတ်ကတော့ သင်္ကဿနဂိုရ်မှာ။ ဖြည့်စာ ရှင်တော်ဗုဒ္ဓ တာဝတိံသာ နတ်ပြည်ကနေ သင်္ကဿနဂိုရ်ပြည်ကို ဆင်းလာတယ်ဆိုတဲ့ဇာတ်လမ်းဟာ မူရင်းပါဠိတော်မှ မပါရှိ။ ဘုရားပရိနိဗ္ဗာန်ပြုပြီး အနှစ် (၁၀၀...

အာဏာပါဝါရှိသူတွေက မှားနေချိန်မှာ

  မှန်နေသူတွေအတွက် အန္တရာယ်ရှိတယ်။ (ဗော်လ်တဲယား) နိုင်ငံရေးအတွက်လည်း မှန်သလို ဘာသာရေးအတွက်လည်း မှန်တယ်။ မြန်မာစာအတွက်လည်း အဆိုအမိန့်က မှန်နေတယ်။ မြန်မာအဘိဓါန်သစ်ထုတ်ပြီး အဘိဓာန်သစ်အတိုင်း မရေးရင် ထုတ်ဝေခွင့် မရ။ သင်ကြားခွင့်လည်း မရတော့ပါ။ ၁၉၈၈ ခုနှစ်ကနေ စတင်ပါတယ်။ အဲဒီအချိန်မှာ ပညာရှင်အစစ်တွေက ဘာ့လို့မပြောခဲ့ကြတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို ဗော်လ်တဲယားက ကြိုပြောခဲ့တာကိုး။ Voltaire ( ၁၆၉၄ - ၁၇၇၈) ပြင်သစ်နိုင်ငံသား ပညာရှင်။ ဒေါက်တာတင့်ဆွေ

ယနေ့ခေတ်မှာ

အတုအပ အယောင်ဆောင် အလိမ်အညာတို့သည် တွေ့မြင်နေကျ ကြားနေကျ ဖတ်နေကျအရာတွေ ဖြစ်နေပြီ။ ယင်းသို့သောအရာတွေက ရိုးသားမှု အစစ်အမှန်ပြောဆိုမှုတွေကို ဒေါသတကြီး တုန့်ပြန်နေကြပြီ။ ဒေါက်တာတင့်ဆွေ

Hunter's Moon ဟန်တာလမင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့ညတွင် မြင်တွေ့ရမဲ့လကို (Hunter's Moon) ဟန်တာလမင်း လို့ ခေါ်ပါသတဲ့။ တနင်္လာနေ့၊ အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်၊ အရှေ့ပိုင်းဒေသ စံတော်ချိန် (EDT) နံနက် ၁၂ နာရီ ၁၃ မိနစ်တွင် အပြည့်အဝဆုံး တောက်ပသည့် အနေအထားသို့ ရောက်ရှိမည် ဖြစ်ပါသည်။ နံနက် ၁၂ နာရီ ၁၁ မိနစ်မှ ၁၂ နာရီ ၁၂ မိနစ်ကြားတွင် ဖြစ်နိုင်ပါသည်။ အင်ဒီယာနာပလစ် (Indianapolis) မြို့အတွက် ယနေ့ည အဓိက အချက်အလက်များ လအခြေအနေ (Moon Phase): လုံးဝန်းတော့မည့်လအဖြစ်သို့ ကူးပြောင်းနေသော လထွက်ချိန် (Waxing Gibbous transitioning into a Full Moon) ဖြစ်ပါသည်။ လင်းလက်မှု (Illumination): ၉၉ ရာခိုင်နှုန်းခန့် အပြည့်အဝ တောက်ပနေမည် ဖြစ်ပါသည်။ အပြည့်အဝဆုံး အချိန် (Peak Fullness Time): တနင်္လာနေ့၊ အောက်တိုဘာ ၂၆ ရက် နံနက် ၁၂ နာရီ ၁၃ မိနစ် (ယနေ့ည သန်းခေါင်ကျော် အချိန်) ဖြစ်ပါသည်။ မြင်ကွင်းအသွင်အပြင် (Appearance): မိုးကုပ်စက်ဝိုင်းအနီးတွင် ထွက်ပေါ်လာချိန်၌ နိမ့်သောထောင့် ရရှိမှုကြောင့် ကြီးမားပြီး ရွှေရောင်အိုစိမ်းစိမ်း အရောင်ရှိသည်ဟု ထင်ရမည် ဖြစ်ပါသည်။ (၂) ဟန်တာလမင်းသည် သမိုင်းကြောင်းအရ ဆောင်းရာသီအတွက် အဆီပြင်ကာ ဝဝ...

ပီတိအကြောင်း

  ကွန်မင့်တခု = ပီတိနှင့်ပါတ်သက်သောစာစုများကိုလည်း မျှော်လင့်နေပါသည်။ ပြန်စာ ပတ်သက်လို့ ရေးရပါသည်။ ကိုယ်ကျင့်အဘိဓမ္မာ စတုတ္ထ စာမျက်နှာ ၁၄၈ လူအနေမှာ ချိုကြားက မထွက်နိုင်ကြ သေးချေ၊ ထို့ကြောင့် “တို့သားအဘတစုပိုင်ထိုက်ကြဦးစို့။” ဟုသကဲ့သို့၊ တို့တစုလည်း အပျင်းကိုပယ်ရှား၍ ဝီရိယသံမဏိဖြစ်အောင် ပြင်ကြဦးစို့။ “ ဝီရိယဝတော ကိံ နာမ န သိလ္လံ” “ လုံ့လဝီရိယ ရှိသူမှာ မပြီးနိုင်သော အရာမရှိ” [ ဝီရိယ ကောင်းဘို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမများသော ဝီရိယကို မဆိုလို၊ စဉ်းစားဉာဏ်ပါသော ဝီရိယကိုသာ ဖြစ်စေလိုသည်။ ] ပီတိအကြောင်း အာရုံတခုကို နှစ်သက်အားရသဘောကျနေခြင်းသည် ပီတိတည်း၊ ထို့ကြောင့် “အားရ နှစ်သက်-ပီတိဆက်၍” ဟု ဆိုခဲ့သည်။ ဤပီတိသည် သုခဝေဒနာကဲ့သို့ စားခြင်းမဟုတ်၊ နှစ်သက်အားရခြင်း , သဘောကျခြင်းသာ ဖြစ်သည်။ ရေတော်သူသည် ရေရှိကြောင်းကို ကြားရ - ရေကိုမြင်ရသောအခါ နှစ်သက်၏၊ ပီတိဖြစ်၏၊ ရေသောက်ရသောအခါ သုခဝေဒနာ ဖြစ်သည်။ မိမိချစ်သူကို မြင်ရသည်ဖြစ်စေ , စကားအတူ ပြောနေရသည်ဖြစ်စေ , သီချင်းသံကို ကြားရသည်ဖြစ်စေ , တရားသံကို ကြားရသည်ဖြစ်စေ , ကြက်သီးထလာအောင် နှစ်သက်ခြင်းဖြစ...

တန်ဖိုး နှင့် တန်ဘိုး

၁။ တန်ဖိုး နဲ့ တန်ဘိုး ဘယ်လိုရေးသားအသုံးပြုရမလဲဆိုတာ ရှင်းပြပေးပါ ဆရာ။ ၂ ။ တန်ဖိုး/တန်ဘိုး ဘယ်ဟာ အမ ှ န်ပါလဲ ဆရာခင်ဗျာ ၃ ။ ဆရာ တန်ဘိုး နဲ့တန်ဖိုးဘယ်ဟာဘယ်လိုသုံးပြီးဘယ်လိုကွဲပြားပါသလဲ။ ၄။ ဆရာ ဆေးဖိုးနဲ့ ဆေးဘိုး ဘယ်ဟာမှန်သလဲ ကျေးဇူးပါ။ ၅။ ဆရာ တန်းဘိုး နှင့် တန်ဖိုး ဘယ်ဟာအမှန်လဲရှင့်။ ကျွန်မ အမှန်လို့သိထားတာက တန်ဖိုးပါ။ ၆။ ဆရာရှင့် အဖိုးထိုက် နဲ့ အဘိုးထိုက် လေးရှင်းပြပေးပါဦးရှင် ၇။ တန်ဖိုး နဲ့ တန်ဘိုး ကွာခြားချက်လေး သိပါရစေ ဆရာ ၈။ တန်ဖိုး လားလို့ဆရာ သူတို့ရေးတာမှားတာလား ကျမထင်တာမှားတာလားဆရာ ၉။ တန်ဖိုးကို ဘယ်အချိန်က ပြောင်းသုံးပါသလဲဆရာ။ (မသိပါ။ ဆောရီး။) ၁၀။ မင်္ဂလာပါ ဆရာ မုန့်ဘိုး နဲ့ မုန့်ဖိုး ဘယ်ဟာအမှန်လဲရှင့် ၁၁။ အဘိုးနဲ့ တန်ဖိုး ဘယ်ဟာက အမှန်လဲဆရာ။ တန်ဘိုးရော မှန်ရဲ့လားဆရာ။ ပြန်စာ မူကွဲလို့ပြောနိုင်ပါတယ်။ ၂ မျိုးလုံးရေးကြတယ်။ နောက်ပိုင်းမ ှ ာ တန်ဖိုးလို့ရေးလာတယ်။ ၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ်တရားမဝင်ကြေညာလိုက်ပါတယ်။ တရာတန် ငါးဆယ်တန် လုံးဝ တန်ဘိုးမရှိတော့ ငွေစက္ကူ လက်ဝယ် ရှိသူတို့ လအက သို့ အပ်ကြ သူ့ငွေ ကိုယ့်ငွေလိမ်လျှင် အသုံးပြုလျှင်...