Skip to main content

Posts

လဲ နဲ့ လည်းစာကို ခဏခဏတင်ပြထားပါတယ်

အဲတာက မှားနေတယ်လို့ ထင်ပါတယ်။ တခါမှအဲလို မကြားဖူး မသင်ဖူးပါ။ ပို့စ်ရေးသူက မြန်မာစာ စာလုံးပေါင်း သတ်ပုံ ပညာပေး ရေးတဲ့သူပါ။ သူရေးတာတွေက ဗဟုသုတ ရပေမယ့် ဒီတခုတော့ ... ဟုတ်။ အဲ့ ကို အဲ လို့ပြင်လိုက်တယ်။ အခုခေတ်မှာ ရေးနေကြတဲ့ အဲ့ အသုံး မမှန်ပါ။ လဲ နဲ့ လည်းစာကို ခဏခဏတင်ပြထားပါတယ်။ တရားသေမှတ်လို့ မရပါ။ အမေးမှာတော့ လဲ ကိုသာ သုံးရပါမယ်။ လဲ နှင့် လည်း ၁၀ ကြိမ်လောက် တင်ပြထားပါတယ်။ အခုခေတ်မှာ အမေးသဘောအတွက် 'လဲ'၊ အတူတူသဘောအတွက် 'လည်း' လို ရေးကြပါတယ်။ မူကွဲတွေ'လည်း'ရှိတယ်။ မူကွဲတွေ'လဲ'ရှိတယ် မဟုတ်။ • သူလဲလေ လောကီသားလိုပါ့ (ဇော်ဂျီ) • သူလည်းလေ လောကီသားလိုပေါ့ (ဇော်ဂျီ) • သူလဲလေ လောကီသားပေမို့ (မင်းညိုဦး) • သူကလည်းသူ ကျွန်တော်ကလည်းကျွန်တော် (မင်းလူ) • ဘယ်သွားနေလဲ မောင်ရေခဲ • စကားသော်လည်း (လင်္ကာ) • လည်းကောင်း (၎င်း ထို ယင်း အနှီ ဤ နည်းတူ) လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။ လဲ နှင့် လည်း (၃) https://burmese-spelling.blogspot.com/2024/11/blog-post_947.html လဲ နှင့် လည်း (၂) https://burmese-spelling.blogspot.com/2022/11/blog-post_387...

ကာတွန်းထဲက ဆရာဝန်

မြန်မာစာကို မှန်အောင်ရေးတတ်၏။ ဆေးမျိုချသော် တစ်နေမည်မဟုတ်။ ထိုသို့သောဆရာဝန်များ များများထွန်းကားပါစေသတည်း။ နာတာရှည်မြန်မာစာလူနာအတွက်လည်း ပုံထဲကဆေးတွေကို တလတခါ သောက်ရန်လိုနေပြီ။ ၁၂ လ ၁၂ လစာ။ ၁၀ နှစ် ၁၀ နှစ်စာ။ ( ပုံပို့ပေးသူ ကျေးဇူး) ဒေါက်တာတင့်ဆွေ

ဂျွမ်းထိုး မှောက်ခုံ

ကျွန်ုပ်တို့၏မြန်မာစာအရေးအသားကို AI လုပ်ပေးတဲ့ပုံတွေထဲကအတိုင်း အသုံးပြုလျှင် ဇောက်ထိုးဖြစ်နေရာကနေ မှောက်ခုံဖြစ်တော့မည်။ AI လုပ်ပေးတဲ့ပုံတွေထဲမှာ မြန်မာစာအရေးအသားပါနေရင် မှန်တာ ရှားသည်။ မှားနေမှန်သိရင် အသုံးမပြုမီ အပြင်ခိုင်းပါ။ တချို့က မှားနေမှန်း မသိကြ ။ ဒါပေမဲ့ AI လည်း အကုန်မှန်အောင်မပြင်တတ်။ သူက သူငယ်တန်းတက်ခဲ့ရသူမဟုတ်။ ပါရဂူအဆင့်မကတော့ တတ်တယ်။ Gemini မှန်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျာ AI က ဖန်တီးပေးတဲ့ ပုံတွေ၊ ဗီဒီယိုတွေထဲမှာ မြန်မာစာရေးသားချက်တွေ ထည့်သွင်းတဲ့အခါ စာလုံးပေါင်းမှားတာ၊ ဖောင့်ပုံစံ မမှန်တာတွေ အမြဲလိုလို ပါလာတတ်ပါတယ်။ အထူးသဖြင့် ပုံထဲမှာပါတဲ့ စာသားတွေမှာ - " အမေရိကန်သံရုံးက မြန်မာဘာသာဖြင့် ဘာတွေ ထုတ်ပြန်လိုက်လည်း" ဆိုတဲ့ နေရာမှာ " သံရုံး" နဲ့ " ဘာသာဖြင့်" တို့လို စာလုံးပေါင်းတွေ အမှားပါနေတာကို တွေ့ရပါတယ်။ အောက်က စာကြောင်းမှာလည်း " ဘာတွေထုတ်ပြန်လိုက်တာလဲ" ဆိုတာထက် စာလုံးတွေ အပြောင်းအလဲနဲ့ အမှားတွေ ပါနေတာကို တွေ့ရပါတယ်။ ဆရာပြောသလိုပါပဲ AI ဆိုတာက လူသားတွေလို ကျောင်းသင်ခန်းစာတွေ စနစ်တကျ သင်ယူခဲ့ရတာ မဟုတ...

ထရမ့်၏ အကောက်ခွန်မူဝါဒများ၏ အကျိုးသက်ရောက်မှုများ

ဘာသာပြန်တင်ပြချက် ဖြစ်ပါတယ်။ ကျွန်တော့အမြင် ထည့်မရေးပါ။ ( ၁) ဒုတိယအကြိမ် ထရမ့်အစိုးရ၏ ကျယ်ပြန့်သော ကုန်သွယ်ရေးမူဝါဒများသည် သွင်းကုန်ကုန်ကျစရိတ်များကို သိသိသာသာ မြင့်တက်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များကို ပြောင်းလဲစေကာ ဖက်ဒရယ်အစိုးရ၏ အခွန်ဘဏ္ဍာငွေများကို ပုံစံသစ်ဖြင့် ပြန်လည်ပုံဖော်ခဲ့သည်။ ယင်းအကျိုးသက်ရောက်မှု အတိုင်းအတာ အပြည့်အစုံကို Tax Foundation Tariff Tracker နှင့် J.P. Morgan Global Research တို့မှ အချက်အလက်များမှတဆင့် ခြေရာခံ မှတ်တမ်းတင်ထားပါသည်။ အဓိက စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများ ·         အကောက်ခွန်နှုန်းထားများ - အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် ပျမ်းမျှအကောက်ခွန်နှုန်းထားသည် (၂၀၂၂ ခုနှစ်တွင် ၁.၅% ရှိခဲ့ရာမှ) ၁၁.၈% အထိ မြင့်တက်လာခဲ့ပြီး ၂၀၂၆ ပြက္ခဒိန်နှစ်အတွက် အမှန်တကယ် သက်ရောက်မှုရှိသော အကောက်ခွန်နှုန်းထားမှာ ၇.၂% ခန့်အထိ ရောက်ရှိလာခဲ့သည်။ ·         ဖက်ဒရယ်အစိုးရ အခွန်ဘဏ္ဍာငွေ - အဆိုပါ အကောက်ခွန်များမှ ၂၀၂၆ ခုနှစ်အတွက် အခွန်ဘဏ္ဍာငွေ...

မမကြီး

  (ဗန်းမော်တင်အောင်) ၁၉၆၆ ခု ဇူလိုင်လ တတိယအကြိမ် အင်းလျားမြိုင်တလျောက်တွင် အခန်းတခန်းမှာမူ အများတကာ ရာဇဝတ်တရားသူကြီးတဦး၏ အိမ်တအိမ်တွင် အခန်းတခန်းသည် စီးကရက်တလိပ်ကို မှတ်ချက် ဗန်းမော်တင်အောင် အပါအဝင် ၁၉၈၈ ခုနှစ်မတိုင်ခင်ကထုတ်သမျှ စာရေးဆရာတွေ၊ ကဗျာဆရာတွေရေးသားတဲ့စာအုပ်တွေအားလုံး မြန်မာစာ သတ်ပုံမှန်တယ်။ တရားစာအုပ်တွေလည်း မှန်တယ်။ သီချင်းစာသားတွေလည်း မှန်တယ်။ ကာတွန်းတွေလည်း မှန်တယ်။ ၁၉၈၈ မှာ ဒုတိယမျိုးဆက် စစ်တပ်ကအာဏာသိမ်းတော့ မြန်မာစာကိုပါ သိမ်းလိုက်တယ်။ အခုထိ စစ်အာဏာလက်အောက်မှာ မြန်မာစာ။ ဒေါက်တာတင့်ဆွေ

မိန်းမရိုင်း

( ခင်နှင်းယု) မူရင်းစာအုပ် မိန်းမရိုင်း စာမျက်နှာ ၁၉ - ထောင်းနဲ့ ကော်ဖီသောက်ရတာကို ပျော်စရာဘဲ။ “အိမ်” ဆိုတာ ဒါဘဲထင်ပါရဲ့။ ကျွန်တော့ ကျန်းမာရေးအတွက် အားလုံးဂရုစိုက် ကြတယ်။ မြလေးဟာ အပြင်မှာ ဖျတ်လတ် သွက်လတ်သလောက်၊ ကျွန်တော့ အိပ်ခန်းထဲဝင်လာရင် ဖွေးဖွေးလေး သွားလာတတ် တာကို သူနာပြုဆရာမ , ပုံ ဖမ်းနေတာဘဲ။ ကျွန်တော်ဖြင့် ကျွန်တော့ရောဂါကို မေ့သွားတယ်။ “တစိမ်း” ဆိုတဲ့ ဘဝကို မေ့သွားတော့တာဘဲ။ တခါတခါ အိပ်ရာထဲမှာ ကိုယ့်ဘဝအမှန်ကို တွေးမိတော့လဲ ဝမ်းနည်းသား။ ဒီအိမ်သားတယောက်များ ဖြစ်ရရင် ကောင်းမှာဘဲဆိုတဲ့ အတွေးဟာလဲ အမြဲ ပေါ်နေတာဘဲ။ မိုးတွင်းဆိုတော့ ခြံထဲမှာ စပယ်တွေ လှိုင်နေတာပေါ့။ ညနေဘက်ရောက်ရင် မြလေးဟာ စပယ်ရုံဘေးက ခုံတန်းမှာ ပန်းပွင့်တွေသိမ်းနေတယ်။ သူ့ဘေးမှာထိုင်ပြီး တပွင့်ပြီးတပွင့် ကောံပြီး ရွရွလေးသီတတ်တဲ့ သူ့လက်လေးကို ကြည့်နေရတာကို ပျော်စရာဘဲ။ အဲဒီအချိန်ဆို စပယ်နံ့ဟာ နှစ်ယောက်စလုံးရဲ့ အနားမှာသင်းနေတာဘဲ။ ချစ်ပင်ပျိုးပြီးကြတဲ့ နောက်ပိုင်းမှာတော့ဖြင့် မပြောနဲ့တော့၊ ပျော်လို့ဘဲမဆုံးတော့ဘူး။ ညဉ့်ဘက်ဇီဇဝါရိုးဘေးမှာများ ပန်းတွေတပွင့်ကြီး ခူးပေးရတာတွေ။ မိုးရေစက်ကလေးတွေတင်နေတဲ့ သစ်ရွက်ဟာ လရော...

‘ဖြန်ဖာစာ’

  သို့ ဖြန်ဖာ့စက်ဖှုလက်ဖှု ဖော်တော်တိုက် ရန်ကုန်ဖြို့။            နေ့စွဲ။ ၁၅၊ ၁၊ ၁၉၅၂ အကြောင်းအရာ။ ။ လက်နှိပ်စက်တွင် 'ဖ' မပါလာသဖြင့် ဖ အစား ပို့ရန်  ခင်ဗျား။ လူကြီးဖင်းတို့ထံမှ ပို့လိုက်သော လက်နှိပ်စက်ကို ကောင်းဖွန်စွာ ရှိပါသော်လည်း လမ်းတွင် အတွင်းဖှ ပစ္စည်းတချို့ ပြုတ်နေပါပြီ။ ထိုပစ္စည်းဖျားကို ပြန်တပ်ပြီး ယခု ရိုက်နှိပ်ခြင်းဖြစ်ပါသည်။ စက်မှာ ကြေနပ်ဘွယ်ရာ ရှိသော်လည်း ပစ္စည်းဖျား ပြန်တပ်စဉ်က တစုံတခု ဖှားနေ၍ ဖ အက္ခရာကို နှိပ်လိုက်တိုင်း ဤ ဖ အက္ခရာသာလျှင် ထွက်လာပါသည်။ အဖျိုးဖျိုးကြိုးပမ်း၍ ပြုပြင်သော်လည်း ဖ အက္ခရာကို ရိုက်နှိပ်၍ ဖရတော့။ ဖ စာလုံးတွေကို စစ်ဆေးကြည့်ရာ ဖ လုံးဝ ဖပါဝင်သဖြင့် ရိုက်နှိပ်၍ ဖရကြောင်းကို တွေ့ရပါသည်။ သို့ပါသောကြောင့် ဖ အက္ခရာအပိုတခုကို အဖြန်ပို့ပေးပါခင်ဗျား။ ကျွန်တော်တို့ ဆိုလိုသည်မှာ ဖ မဟုတ်ပါ ဖ ကို ဆိုလိုပါသည်။ ကကြီးဖှ စရေလျှင် ၂၅ လုံးဖြောက် ဖြစ်သော “ဖ” ကို ဆိုလိုပါသည်။           အဖြန်ပို့မည်ဟု ဖျှော်လင့်ပါသည်။           ကျန်းဖာကြပါစေ။           ကျွန်တ...