သို့
ဖြန်ဖာ့စက်ဖှုလက်ဖှု
ဖော်တော်တိုက်
ရန်ကုန်ဖြို့။
နေ့စွဲ။ ၁၅၊ ၁၊ ၁၉၅၂
အကြောင်းအရာ။ ။ လက်နှိပ်စက်တွင် 'ဖ' မပါလာသဖြင့် ဖ အစား ပို့ရန်
ခင်ဗျား။
လူကြီးဖင်းတို့ထံမှ ပို့လိုက်သော လက်နှိပ်စက်ကို ကောင်းဖွန်စွာ ရှိပါသော်လည်း လမ်းတွင် အတွင်းဖှ ပစ္စည်းတချို့ ပြုတ်နေပါပြီ။ ထိုပစ္စည်းဖျားကို ပြန်တပ်ပြီး ယခု ရိုက်နှိပ်ခြင်းဖြစ်ပါသည်။ စက်မှာ ကြေနပ်ဘွယ်ရာ ရှိသော်လည်း ပစ္စည်းဖျား ပြန်တပ်စဉ်က တစုံတခု ဖှားနေ၍ ဖ အက္ခရာကို နှိပ်လိုက်တိုင်း ဤ ဖ အက္ခရာသာလျှင် ထွက်လာပါသည်။
အဖျိုးဖျိုးကြိုးပမ်း၍ ပြုပြင်သော်လည်း ဖ အက္ခရာကို ရိုက်နှိပ်၍ ဖရတော့။
ဖ စာလုံးတွေကို စစ်ဆေးကြည့်ရာ ဖ လုံးဝ ဖပါဝင်သဖြင့် ရိုက်နှိပ်၍ ဖရကြောင်းကို တွေ့ရပါသည်။
သို့ပါသောကြောင့် ဖ အက္ခရာအပိုတခုကို အဖြန်ပို့ပေးပါခင်ဗျား။ ကျွန်တော်တို့ ဆိုလိုသည်မှာ ဖ မဟုတ်ပါ ဖ ကို ဆိုလိုပါသည်။ ကကြီးဖှ စရေလျှင် ၂၅ လုံးဖြောက် ဖြစ်သော “ဖ” ကို ဆိုလိုပါသည်။
အဖြန်ပို့မည်ဟု ဖျှော်လင့်ပါသည်။
ကျန်းဖာကြပါစေ။
ကျွန်တော် မောင်ဖျိုးဖြင့်
ဖန်နေဂျာ
ဖြန်မာ့ဖိတ်ဆွေတိုက်က
ဖြောင်းဖြမြို့။
[၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ၊ ကလောင်စုံ မဂ္ဂဇင်းထဲမှ ရှာဖွေတွေ့ရှိထားခြင်းဖြစ်ပါသည်။]
သင့်နော်
Photo HteinHteinLynn ကျေးဇူး
မှတ်ချက်
အခုခေတ်မှာတော့ ဖုန်းကနေ စာရေးပြီး တင်နေကြသူတွေထဲက -
တချို့မှာ ‘ဝဆွဲ’ မပါကြလို့ ‘တွေ’ ကို ‘တေ’
တချို့မှာ ‘ရရစ်’ မပါကြလို့ ‘ပြီ’ ကို ‘ပီ’၊ ‘ပြီး’ ကို ‘ပီး’၊ ‘ပါပြီ’ ကို ‘ပါပီ’၊
တချို့မှာ ‘ဟထိုး’ မပါကြလို့ ‘မှာ’ ကို ‘မာ’၊
တချို့မှာ ‘န’္တ မရှာတတ်ကြလို့ ‘မန်းလေး’၊
တချို့မှာ ‘အောက်မြစ်’ အပိုတွေပါနေလို့ ‘ကောင်းမှု’ ကို ‘ကောင်းမှု့’၊
တချို့မှာ ‘ဿ’ မပါကြလို့ ‘တပိဿာ’ ‘တပိသာ’၊
တချို့မှာ ‘၁-၂-၃-၄’ မပါကြလို့ ‘1-2-3-4’
တချို့မှာ ‘တ’ တလုံးတည်းရိုက်မကြလို့ ‘တစ် တစ် တစ် တစ်’။
ခေတ်သစ်ပြဿနာကိုတော့ တိုင်စာပို့စရာ မရှိပါ။
ကြာတော့ လူအများစုက အမှား အသားကျနေကြပြီ။
‘ဖြန်ဖာစာ’ ခက်ပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment