Skip to main content

ရောဂါရနေသော တတ် နှင့် တက်

အတက်ပညာခြင်းတူသော်လည်း အသိပညာခြင်းကွာတယ်
တက် နဲ့ တတ် မှားနေတယ်။ ပုံက မြင်းစီးထားလို့ မြင်းတက်တာကို ဆိုလိုသလား ဖတ်ရသေးတယ်။ လှေအဆင်း မြင်းအတက်ကလည်း ဆိုစကားရှိတယ်။ မဟုတ်ပါ အတတ်ပညာကို အတက်ပညာလို့ မှားရေးထားတယ်။
1. ယိုးဒယားလက်ရက်ချည် ဇင်းမယ်ပွဲတတ်(ပွဲတက်)ဝတ်စုံလေးပါရှင့်
2. အဆုတ်ကင်ဆာ‌ဖြစ်နေပြီး ကုသဖို့အတွက် ပိုက်ဆံမတက်(တတ် )နိုင်တဲ့သူမို့လို့ပါ ကူညီစုံစမ်းပေးတာပါရှင့်
3. Chinese ဘာသာစကား အိမ်အရောက်လာရောက်သင်ကြားပေးတယ်ရှင့် အိမ်မှာလာသင်လဲရတယ်ရှင့် စာရေးတက်(တတ်) ဖတ်တက်(တတ်) ချင်လား အပြောပဲတက်(တတ်)ချင်သလား
4. The Money Drop Myanmar ရဲ့ အစီအစဉ်တခုမှာ အဖြေလေးခုပေးပြီး တခုရွေးရတာဆရာ။ ကျနော်က မတ်တတ်ရပ်လို့ ဖြေတာကို အဲဒီအစီအစဉ်က computer operator ပဲ မှားဖြေသလား မသိပါ။ သူတို့က မတ်တပ်ရပ်ကို အမှန်ဖြေပြတော့ တော်တော်အံ့သြသွားတယ်ဆရာ။ ကျနော်လဲ မမှားနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သိတယ်ဆရာ။ ခုလိုဆရာပြောပြတော့ ပိုသေချာသွားတာပေါ့။ (မတ်တတ်ရပ်က အမှန်။)
5. ကင်ဆာရောဂါက ကူးတက်(ကူးတတ်)လား ဘယ်လို့မျိုးဆို့ကူးတက်(ကူးတတ်)လဲး(လဲ)
6. ဆရာ (တက်) နဲ့ (တတ်) ကဘယ်နေရာမှာ ဘယ်ဟာကိုသုံးသလဲ ကွဲကွဲပြားပြားမသိလို့ပါဆရာ။ တခါက ဆရာမတယောက် ပြောဖူးတယ် အမြင့်ကို တက်တာကလွဲလို့ကျန်တဲ့ တတ်ကိုပဲ သုံးတယ်ဆို ဟုတ်ပါသလားဆရာ။
7. ဆရာ တခုလောက်မေးပါရစေ။ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
8. ဆရာ မတ်တတ်ရပ် နဲ့ မတ်တပ်ရပ် ဘယ်ဟာကမှန်ပါသလဲ။ (မတ်တတ်ရပ်က အမှန်။)
9. ဆရာ အတက်နိုင်ဆုံးကိုရေးမယ်ဆို အတက်လား၊ အတတ်လား။ မသိတာ မတက်တာဆိုရင်ရော တက်လား၊ ကက်လား၊ ခဏခဏမှားလို့။ (အတတ်နိုင်ဆုံး၊ မတတ်တာက အမှန်။)
10. ဆရာ အတက်ပညာလို့ သုံးသလား၊ အတတ်ပညာလို့ သုံးသလားဆရာ။ (အတတ်ပညာက အမှန်။)
11. ဆရာက ပညာမိုးတွေ ဘယ်လောက်ပဲ ရွာချနေပါစေတပည့်ဖြစ်သူက ပညာမိုးရေကို ခံယူတက်(တတ်)မှ ပညာရမှာပဲ ဖြစ်ပါတယ်။
12. ဆရာရှင့် ကလေးက ၇ နှစ်ခွဲပါ သွားမကျိုးသေးပဲ ကြီးသွား ကြိုပေါက်နေလို့ပါ ဘယ်လို လုပ်သင့်ပါသလဲ ၁၂ နှစ်အောက် ခလေး ထုံဆေးပေးရင် ကြီးရင် ထုံနာကျင်နာ ဖြစ်တက်(ဖြစ်တတ်)တယ်ဆိုတာ ဟုတ်ပါသလား
13. ဆရာရှင့် ကိုဗစ် နောက်ဆက်တွဲအနေနဲ့ သွေးပြစ် သွေးခဲ ခြင်းတွေ ဖြစ်တက် (ဖြစ်တတ်) တယ်လို့ ‌သိရပါတယ် အဲ့လို သွေးပြစ်သွေးခဲတာကို ဘယ်လို အချက်တွေနဲ့ သိနိုင်ပါသလဲရှင့် အဲ့လို ဖြစ်တာကိုကော ကြိုတင်ကာကွယ်လို့ ရပါသလားရှင့်
14. ဆရာရှင့် သမီးအသက် ၃၈ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၁၅ ပတ်မှာ သွေးဆင်းပါတယ်ဆရာ။ ultrasound ရိုက်တော့ ကလေးနှလုံးခုန်တယ် အချင်းလည်း ပုံမှန်လို့တော့ ပြောပါတယ်ဆရာ။ သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ စိုးရိမ်ရလား။ ဘာဖြစ်တက်လဲ ) (ဘာဖြစ်တတ်လဲ) ဆိုတာ သိချင်ပါတယ်ဆရာ။ 
15. ဆရာသေခြာ (သေချာစွာဖတ်ပါတယ် မသုံးတက် (မသုံးတတ်) လို့ပါခင်ဗျာ။
16. ဆုံးမစာတခုမှာ စေတနာအမှားကြောင့် ဝေဒနာဖြစ်သွားတက်သည်လို့ ရေးတာဖတ်ရတယ်။ (ဖြစ်သွားတတ်သည် လို့ ရေးရတယ်။)
17. ညောင်းကိုက်မောပန်းတက်(တတ်)လို့ပါ
18. တက် နဲ့ တတ် လည်း အများအားဖြင့် မှားကြတယ် ဆရာ။ ဆရာအချိန် ပေးနိုင်ရင် တင်ပေးစေချင်လို့ပါ။
19. ပညာတက်လား၊ ပညာတတ်လား၊ ပြောပြပါရှင့်။ (ပညာတတ်က အမှန်။)
20. ပိုက်ဆံမတက်နိုင်တော့လို့ လက်မှတ်ထိုးဆင်းပြန်ရင်လဲ
21. ဘလော့ကိုဝင်မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ။
22. မင်္ဂလာပါဆရာရှင့် ဟင်းချက်တဲ့အထဲထည့်တာ ဆေးဖက်ဝင်ရန်သုံးစွဲတဲ့ဂျင်းတတ်(ဂျင်းတက်)က စာနဲ့ရေးရင်ချင်းလား ဂျင်းလားရှင့်
23. မနေ့ကတော့ ( - ) ရဲ့ ဘွဲ့နှင်းသဘင် တတ်(တက်) ဖြစ်တယ်။
24. မန်းလေးမှာလေး ရင်သားကင်ဆာစစ်ဖို့ဆွေးနွေးဖို့ရာ ဘယ်ဆရာဝန်ကောင်းလဲရှင် (စျေးလဲအရမ်းမများတာလေးပေါ့ ဘယ်မှလဲမသွားမလာတက်(တတ်) လို့ပါ ရောက်တာမကြာသေးလို့ပါရှင်)
25. မွေးပြီးနာရီဝက်ဆို ကလေးက အချိုဓာက် ကျတက် (ကျတတ်) တယ်လို့ စာထဲမှာဖတ်ရလို့ပါဆရာ အဒါလေး ဖြေပေးစေချင်ပါတယ်ရှင့်။ 
26. ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်(ဖြစ်)တက်(တတ်)ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့်
27. ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်တက်ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့် (ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဘာဖြစ်တတ်သလဲလို့ ရေးရ။)
28. ရှယ်ငပိကြော် ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုး စားရတက်(တတ်) ပါတယ်
29. လမ်းခရီးကတော့ တစ်တောင်(တတောင်)ပြီး တစ်တောင်(တတောင်) တတ်(တက် )နေရသလိုပါပဲ
30. လူငယ်တွေ တက်(တတ်) နိုင်တဲ့ဘက်က တိုက်ပွဲဝင်ပေးကြစို့ ပုံထဲကစာမှာ တတ် နဲ့ တက် မှားနေတယ်။ 
31. ဝင်ကြည့်တက် (ဝင်ကြည့်တတ်) သွားပါပြီ။ 
32. သမီး မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ ညွန်ပြပါနော်။ ကူးစက်ရောဂါဆိုတာ ရောဂါနာမည်လား၊ ကူးစက်စေတက် (ကူးစက်စေတတ်) သောလား။ ဘလော့ကို ဝင်မကြည့်တက် (မကြည့်တတ်) လို့ပါဆရာ။ ဝင်ကြည့်တက် (ဝင်ကြည့်တတ်) သွားပါပြီ။  
33. သမီး အသက် ၂၇ ပါ အကြောအရမ်းတက်တတ်ပြီး နေ့ရက်တိုင်း ဘာမှ မလုပ်ချင်သလိုဖြစ်ပြီး ပင်ပန်းနေသလိုခံစားရပါတယ်ဆရာ အစားလည်းပုံမှန်စားပြီး အိပ်တာတော့ တခါတလေ နောက်ကျတတ်ပါတယ်ဆရာ ကွန်ပြူတာလည်းနေ့စဉ်သုံးရပါတယ်ဆရာ တခါတလေတော့ အပြင်တွေပတ်ရလို့ မသုံးရပါဘူးဆရာ သမီးအလုပ်က Marketing အလုပ်ပါဆရာ မျက်မှန်က power  နဲ့ 7 ရှိပါတယ် အကျင့်ပါမှာစိုးလို့ လိုအပ်မှပဲ တက် (တပ်) ပါတယ်ရှင် 
34. သွေးကတော့ တညနေဘဲဆင်ပြီး မဆင်းတော့ပါဘူးဆရာ။ ဘာဖြစ်တက် (ဖြစ်တတ်) လဲဆိုတာ သိချင်ပါတယ်ဆရာ။
35. အခုဖြစ်တာက အူအတတ်(အူအတက်)ယောင်(ရောင်) ရင်နာတဲ့နေရာနားလောက်က စူးပြီးနာလာပါတယ်။ အူအတတ် (အူအတက်)
36. အခုဖြစ်တာက အူအတတ်(အူအတက်)ယောင်(ရောင်) ရင်နာတဲ့နေရာနားလောက်က စူးပြီးနာလာပါတယ်။ အူအတတ် (အူအတက်)
37. အူအ(တက်)ရောင်သဖြင့် ဆေးရုံ(တက်)လိုက်ရပါသည်။ ဘယ်တော့ဆင်းရမလဲ မပြော(တတ်)သေးပါ။ မိတ်ဆွေများက (တတ်) အားသ၍ ကူညီကြပါသည်။ ကျေးဇူးတင်ပါသည်။
38. အူအ(တက်)ရောင်သဖြင့် ဆေးရုံ(တက်)လိုက်ရပါသည်။ ဘယ်တော့ဆင်းရမလဲ မပြော(တတ်)သေးပါ။ မိတ်ဆွေများက (တတ်) အားသ၍ ကူညီကြပါသည်။ ကျေးဇူးတင်ပါသည်။
တတ်
ကြည့်တတ် မကြည့်တတ်
ကောင်းအောင် လုပ်တတ်သလား
ဆေးပညာအတတ်
တတ်ကျွမ်းအောင် လေ့လာသင်ယူပါ
တတ်စွမ်းသလောက်တော့ လုပ်ပါ
တတ်တိုင်း ပညာပြနေသည်
တတ်တိုင်း မကြွားသင့်
တတ်နိုင်သလောက်လှူပါ
တတ်နိုင်သော
တတ်ပွန်
တတ်မြောက်ပြီ
တတ်ယောင်ကားမလုပ်ပါနှင့်
တတ်သိလိမ္မ ာ
ပညာတတ်
ပြောတတ်ဆိုတတ်
ပုတတ်ကောင်
ဖြစ်ကတတ်ဆန်း
ဖြစ်တတ် ပျက်တတ်
ဖွတ်ပတတ်
မတတ်နိုင်
မတ်တတ်ရပ်
မပြီးတတ်သေး
လုပ်တတ် ကိုင်တတ်
လုပ်တတ် မလုပ်တတ်
သမားဟူးရားအတတ်
သေလုမတတ်
အတတ်ပညာ ရှာမှီးပါ
အတတ်ပညာ ရှာမှီးပါ။
အနောတတ်ရေအိုင်
အဲတာလိုအမှားမျိုးက ဖြစ်တတ်တယ်
တက်
ကျော်တက်သည်
ကုန်ဈေးနှုန်းတွေ တက်နေသည်
တက္ကတွန်း
တက္ကသိုလ်
တက်ကစီနဲ့သွားမယ်
တက်ကျမ်း လေ့လာသူ
တက်ခပ်သည်
တက်ခေတ်နတ်ဆိုး ဖတ်ဖူးလား
တက်ခေါက်သည်
တက်ညီလက်ညီ
တက်တက်စင်လွဲနေတယ်
တက်တူးထိုးသည်
တက်မ
တက်သည် ဆင်းသည်
တက်သုတ်ရိုက်မလုပ်ပါနှင့်
တနှစ်တတန်း တက်တဲ့ကျောင်းသား
ဒေါသဖြင့် တက်ခေါက်သည်
နောက်ထုတ်စာအုပ်တွေမှာ သတ်ပုံတွေ တက်တက်စင် လွဲမှားနေတယ်
မတုန်တက်သေး
လှေတက် တစုံယူခဲ့*ပါ
လူ့သက်တမ်း
အတက် (ဝက်ရူးပြန်) ရောဂါ
မဖတ်မိတဲ့ တက်ကို တတ်လို့ရေးတာတွေနဲ့ တတ်ကို တက်လို့ရေးတာတွေလည်း များပါလိမ့်မည်။ မြန်မာပြည်မှာ။
သတ်ပုံလည်း မှန်အောင်ရေးတတ်သူ တောင်လည်း တက်တတ်သည်။ တတ် နဲ့ တက် မှားရေးသူတွေ အများကြီး။ ခုခေတ် တက္ကသိုလ်တွေကလည်း တစ်ကသိုလ်တွေဖြစ်နေကြတယ်။ မြန်မာစာ အတန်းမတက်ကြသေး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ