ရင်သားဖြတ်ထားတာ ၃ လလောက်ပဲရှိသေးတယ် ဆေးမသွင်းကဘူး သောက်ဆေးပဲသောက်ကတယ် အခုရင်ဘက်နဲ့လက်က စစ်စစ်နဲ့ကိုက်တယ် အဲဒါဘယ်လိုလုပ်ကမလဲ ဖြေပေးကြပါအုံးနော်
1. ART ဆေးသောက်နေတာ ည ၉သောက်ရမှာကို မနက် ၆သောက်မိလို့ ဘယ်လိုလုပ်ကမလဲသိချင်လို့ပါ (ART ဆေးသောက်နေသူ ပျော်လို့ ကစရာအကြောင်းမရှိလောက်ပါ။)
2. ကင်ဆာက နွားနို့ကတည့်တာလား မတည့်တာလားရှင့် တချို့ကသောက်ရတယ် တချို့က မသောက်ကဘူး ပြောနေလို့ပါ အမေကနွားနို့ကြိုက်လို့ တနေ့တဘူးတိုက်နေလို့ပါ (ကျွန်တော်က မေးခွန်းတိုင်းကို သတ်ပုံနဲ့ စာရိုက်တာတွေကို ပြင်ပြီးမှ သုံးတယ်။ မမြင်တာ ၂ ခုရှိတယ်။ တက်-တတ် နဲ့ ရ-က။ အဲလောက်ထိတော့ မမှားလောက်ပါဘူးထင်လို့။ မှားနေတာကို ပြင်ပေးသူက ထောက်ပြတော့မှသာ လိုက်ပြင်ရတယ်။ အခုစာလည်း ပါတယ်။ ကင်ဆာရှိတဲ့သူက ကနေသတဲ့။ ကောင်းပါတယ်။)
3. ကျွန်မစကားအမှားပါရင် ခွင့်လွတ်ပေးပါဆရာ ကျွန်မနားက နားပြည်ယိုလိုက် သွေးထွက်လိုက် ဖြစ်ပါတယ် ဆရာဝန်နဲ့ပြတော့ နားစည်ပေါက်တယ် ပြောပါတယ်ဆရာ ကျွန်မအခုနားက အသံတိုးရင် ဘာမှ မကြားရဘူးဆရာ အဲဒါကျွန်မ ဘယ်မှာဆေးကုပြကမလဲဆရာ ဆရာရဲ့ ဆေးခန်းနဲ့ ထိုင်တဲ့အချိန်နဲ့ ဆေးခန်းကို ပြောပြပေးပါလားဆရာ ကျေးဇူးတင်ပါတယ်ဆရာ
4. ဆရာ သမီးရန်ကုန် ssc မှာပြပါတယ် ကလေးလိုချင်လို့ နယ်ကနေလာပြတာပါဆရာ ကားမူးတက်(တတ်) ပါတယ် ဆရာမကြီးက ကိုယ်ဝန်ရှိတယ်ဆို သူဆီအမြန်လာပြဖို့ပြောပါတယ် သမီးက ကားမူးတာ သူများထက်ဆိုးတယ်ဆရာ ကလေးကလဲ ပျက်ဖူးတော့ ကားမူးတဲ့အရှိန်နဲ့ ပျက်မှာဆိုးမိတယ်ဆရာ သမီးတို့နယ်မှာတော့ စနေနေ့ Og တွေလာပါတယ် သမီး နားမလည်တာက ကိုယ်ဝန်ခိုင်ဆေးတွေက အတူတူပဲလာဆရာ ရန်ကုန်က ပေါမောခတွေဆိုတော့ ပိုပြီး ဆေးကောင်း ရှိတာလာ သိချင်မိတယ် ကလေးက ၂ခါပျက်ဖူးထာလို့ပါဆရာ သမီးဘယ်လိုလုပ်ကမလဲ အကြံဉာဏ်လေး ပေးပါဆရာ
5. မဂ်လာပါ ဆရာခင်ဗျ အသက် ၂၈ နှစ်ပါ လျှာပေါ်မှာ သာမန်လို မဟုတ်ဘဲ အဖြူအညှိုတွေ ဖြစ်နေတာ ၁/၂ နှစ်လောက် ရှိပါပြီဆရာ သွားတိုက်တဲ့အချိန် လျှာပါတိုက်ပေမဲ့ ယနေ့ထိ ဘယ်လိုမှ မပျောက်ပါဘူး ခင်ဗျ ဘယ်လုပ်က(ဘာလုပ်ရ)မလဲ ညွှန်းကြားပေးပါလား ဆရာခင်ဗျ
6. ယားလို့ပွတ်လိုက်မိတာ အခုစပ်ဖျင်းဖျင်းနဲ့ခံစားနေကလို့ ကြာပြီ ဘာဆေးလုပ်ကမလဲ အသက်က ၂၄ပါ အိမ်ထောင်သည်ပါ
7. ရကောက်နေရာမှာ ကကြီးထည့်သုံးကြတယ်ဆရာ။ ကျောင်းကဆရာမများ ကိုယ်တိုင်က သုံးနေကြတာပါ။ ဥပမာ အိမ်စာတွေ မလုပ်ကသေးရင် မနက်ဖြန်အပြီးလုပ်ထားနော် ဆိုတာမျိုးပါဆရာ။
8. သင်္ကြန်လည်း နီးပြီဆရာ ဘယ်လိုလုပ်ကမလဲတဲ့။ (ကလေးချီထားပြီးကပါလို့ ဖြေလိုက်ချင်မိတယ်။ သားချော့တီးလုံးဆိုတာရှိတယ်။)
9. သို့သော်လဲ က ကို နှုတ်ဆွဲနေသည့်အခါ စာရေးသော အချိန် က ကို သုံးမိခြင်းထင်ပါတယ် ဆရာ။
10. အသည်းကင်ဆာသမားကရင်တွေတအားပူတာဘယ်လိုလုပ်ကမလဲ
သွားရမယ်ကို သွားကမယ်လို့ ပြောတာဟာ ဇာတ်ပွဲမှာကမယ်လို့ ပြောတာဖြစ်တယ်။ ကမယ်ဆိုတာ နောက်အဓိပ္ပါယ်တခုက လှည်းမှာနွားကတာ ဖြစ်တယ်။ ငို၍ရီ၍မရသောမျက်နှာသည် ငို၍ရီ၍မကသောမျက်နှာ မဟုတ်။ အနော်ရထာမင်းသည် အနော်ကထာမင်း မဟုတ်။ တချို့က ဥပမာ ယောနယ်မှာသုံးတယ်စသဖြင့် ပြောလာကြတယ်။ ယောနယ်မှာ သင်ပုန်းကြီးနဲ့ မြန်မာစာဖတ်စာ စာအုပ် သီးသန့်နဲ့ မသင့်ပါ။
က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
က စွန်းပင် ရေမှာရွှင်
က ကညစ် ပေမှာခြစ်
က ကလေးငယ် ချစ်စဖွယ်
လှည်းမှာ နွားကသည်
သူက စာမတတ်ဘူး
မင်းက အကသင်နေတာလား
လူကြီးတွေက အမှားပြင်မပေးကြဘူးလား
ကျောင်းက အမှန်သင်မပေးဘူးလား
- အမေအရွယ်တွေကလည်း က၊
- သမီးအရွယ်တွေကလည်း က။
- ကျောင်းကဆရာမများလည်း က၊
- ယားလို့လည်း က၊
- ကားမူးလည်း က၊
- HIV လည်း က၊
- ကင်ဆာသမားလည်း က၊
-လျှာသမားလည်း က၊
စာမှာ သဒ္ဒါဆိုတာ အဆောက်အဦတခုရဲ့ အုတ်မြစ်လိုပဲ။ ယိုင်နဲ့လာရင် ပြိုပျက်ကျမယ်။ မြန်မာစာဗိမာန်ကြီး ရေရှည် တည်တန့် ခိုင်မြဲပါစေသတည်း။
(က) နှင့် (ရ)
ဆရာရှင့် အခုတင်ထားတဲ့ပုံ က စာနဲ့ ဘယ်လို့ ဆက်စပ်မှု ရှိလို့ပါသလဲရှင်
(ရ) နဲ့ (က) ကို မှားရေး၊ မှားပြောနေကြတာကို ထောက်ပြတာဖြစ်တယ်။
ရကန်
ရကောက်အက္ခရာ
ရခိုင်ပြည်နယ်
ရဂုံ
ရတက်ပွေ
ရတနာရွှေချိုင့်
ရတီ (စိန်ကျောက်)
ရတုပိုဒ်စုံ
ရနံ့မွှေး၏
ရနယ် (အခြင်)
ရမထာရွှေကြိမ်လုံး
ရမန်ယူသည်
ရမယ်ရှာသည်
ရလဒ် (သချင်္ာ)
ရဝေနန်း
ရသစာပေ
ရဟတ်
ရဟန္တာ
ရဟန်းယတ်
ရဟိုင်းစပါး
ရဟိုင်းစျေး
နာမ်ဝိဘတ်
• သည်၊ က၊ မှာ = ကတ္တားဝိဘတ်
• မှ၊ က = ထွက်ခွါရာပြဝိဘတ်
• ၌၊ မှာ၊ တွင်၊ ဝယ်၊ က = အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
က = ကတ္တားဝိဘတ် + ထွက်ခွါရာပြဝိဘတ် + အချိန်ပြဝိဘတ် + နေရာပြဝိဘတ်
ကမယ်ဆိုတာ နောက်အဓိပ္ပါယ်တခုက လှည်းမှာနွားကတာ ဖြစ်တယ်။
ငို၍ရီ၍မရသောမျက်နှာသည် ငို၍ရီ၍မကသောမျက်နှာ မဟုတ်။
ရန်ကုန်ကလာတယ်။ စားရမယ်။ ဖြေရဦးမယ်။ အဖြေမရသေး။ ပို့တဲ့စာရပြီလား။ အကြွေးပြန်ရပြီလား။ ကိုယ်ဝန်နုစဉ်မှာ လေယာဉ်စီးလို့ရသလား။
သွားရမယ်ကို သွားကမယ်လို့ ပြောတာဟာ ဇာတ်ပွဲမှာကမယ်လို့ ပြောတာဖြစ်တယ်။
အနော်ရထာမင်းသည် အနော်ကထာမင်း မဟုတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment