နတ်တော်လကို မီဒီယာတွေက နတ်တော် နတ်တော်နဲ့အသံထွက်နေပါတယ်။ ဖတ်တော့အသံအရ နတော်လ လို့ဖတ်ရမယ်ထင်ပါတယ် ဆရာရှင်းပြပေးပါဦးခင်ဗျာ လေးစားလျက်။
(နတ်တော်လ) ကို (နဒေါ်လ) လို့ အသံထွက်ဖတ်ရတယ်။ (နတ်ကတော်) ကို (နတ်ကဒေါ်)။
တန်ခူး = ဒဂူး
ကဆုန် = ကဆုန်
နယုန် = နယုန်
ဝါဆို = ဝါဇို
ဝါခေါင် = ဝါဂေါင်
တော်သလင်း = တော်ဿလင်း
သီတင်းကျွတ် = ဿဒင်းဂျွတ်
တန်ဆောင်မုန်း = ဒဇောင်မုန်း
နတ်တော် = နဒေါ်
ပြာသို = ပြာဿို
တပို့တွဲ = ဒဘို့ဒွဲ
တပေါင်း = ဒဘောင်း
ရာသီ = ယာဿီ
ဥတု = ဥဒု
သင်္ကြန် = သင်းဂျန်
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။ နတ်အိမ်မှောက်ချီး၊ မုန့်စားလှီး။
ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်နွှဲသဘင် (နဝဒေး)
ဆယ့်နှစ်လရာသီ - ဖြူသီ https://www.youtube.com/watch?v=9T3V-nzv1AY
ဒေါက်တာတင့်ဆွေ
Comments
Post a Comment