Skip to main content

စစ်ကိုင်းတောင်

သီချင်းစာသားတင်တဲ့နေရာတွေ ၉၀% လောက်က စာသားလွဲ၊ သတ်ပုံတွေအမှားသာမက မူရင်းအဆိုတော်အမည်ပျောက်ပြီး ပြန်ဆိုသူအမည်သာထည့်ထားတယ်။ အဲလို အမှားတွေ မလုပ်ရပါ။
ရေး အလင်္ကာကျော်စွာ မြို့မငြိမ်း
ဆို လေဘာတီမမြရင်။ ကိုအံ့ကြီး။
ပုညရှင် စေတီအပါး
စစ်ကိုင်းတောင် စစ်ကိုင်းတောင် အထက်နားဆီက
အရှေ့တလွှား ရှုလိုက်ရင်လေ
ဧရာဝတီ ဒုဋ္ဌာဝတီ
နတ်ပန်းချီဆေးစုံကွန့်ရော့လေသလား
ဝဲလကျ်ာ အတွန့်တွန့်နဲ့
အလွန့်အလွန် သာယာပါပေသည်
တနှစ်ကူးလို့ တနှစ်ကျူးပြန်တော့
အသစ်ဖူးဖြစ်ရပြန်ချေ
တောတောင်ရေမြေ
ကုန်းနေ ရေနေ
သက်ရှိသက်မဲ့ သတ္တဝါတွေ
လောကဓာတ်ကြီးတခုလုံး သစ်လို့မို့
ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင်
ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နေ
သမိုင်းပြောင်မညှိုး
စစ်ကိုင်းတောင်ရိုးမှာလေ
မြူခိုးယှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ မှုန်မှုန်ရီဝေ
စေတီပုထိုးဘုရား မိုးဖျားမြင့်သီခေါင်ဗွေ
တောင်တွေ စိမ့်စမ်း ချောင်တွေ သိန်းသန်း
ခေမာသောင်ကမ်း တက်လှမ်းအောင်မြေ
မေဓာဝီကလေး တောမှီထုံးနဲ့ ယောဂီသုံးရှာပေ
ရောက်ကြဘူးသလား ဇေယျာရွှေမြေ
မြစ်ရေခွေဝန်းလျံ ရှုဆန်းဖြာထွေ
စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာပေ
ဗုဒ္ဓဘာသာ မြန်မာတတွေ
အတာကူးတဲ့ နှစ်ဦးဂိမှာန်နွေ
ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတော်ခြေ
သိင်္ဂီပွင့်ချပ် ရင်ခတ်သရဖီကြိုင်လို့နေ
ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ
သိင်္ဂီပွင့်ချပ် ရင်ခတ်သရဖီကြိုင်လို့နေ
ဖူးငုံဝေ ပုရစ်တံစည် ညီတယ်လေ တဝေဝေ
လေပြေလေညင်းသွေးတော့ အေးရနံ့ထုံပေ
ရွက်သစ်လောင်း ဟောင်းရွက်ညှာကြွေအခါပေ
ရော်မြန်းရွက်ကြင် ညိုလွင်မောင်းပြေပြေ
ရောက်ကြဘူးသလား ဇေယျာရွှေမြေ
မြစ်ရေခွေဝန်းလျံ ရှုဆန်းဖြာထွေ
စစ်ကိုင်းတောင်ခြေ အရောက်သွားတရားရှာပေ
ဗုဒ္ဓဘာသာ မြန်မာတတွေ
အတာကူးတဲ့ နှစ်ဦးဂိမှာန်နွေ
မြစ်မင်းဧရာ ခွေကာဝိုင်းလို့
စစ်ကိုင်းအောင်ခြာမြေ
ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့
ငွေရောင်ဖြူးကာနေ
ရွှေတောင်ဦးမော်
ရှုမျှော်ခင်းနဲ့ မြစ်တွင်းသာယာပေ
ချစ်ခြင်းသံသာနေ
ဟင်္သာစင်ရော်
ကြင်ဖော်တွဲလို့
သဲကမ်းပါးယံ ဝဲပျံကာနေ
ရောက်ကြဘူးသလား ဇေယျာရွှေမြေ
မြစ်ရေခွေဝန်းလျံ ရှုဆန်းဖြာထွေ
စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာပေ
ဗုဒ္ဓဘာသာ မြန်မာတတွေ
အတာကူးတဲ့ နှစ်ဦးဂိမှာန်နွေ။   ။
https://www.facebook.com/100028291700631/videos/452411389758867
စစ်ကိုင်းတောင် ကိုအံ့ကြီး https://www.youtube.com/watch?v=r5VKVvz-cVk
ခုခေတ်မှာတော့ ညီတယ်လေ (တစ်)ဝေဝေတဲ့။ (တစ်)နှစ်ကူးလို့ (တစ်)နှစ်ကျူးပြန်တော့တဲ့။ ဗုဒ္ဓဘာသာ မြန်မာ(တစ်)တွေတဲ့။ ပျက်ရော။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...