Skip to main content

Sweet December ဆွိဒီဇင်္ဘာ

နှစ်တိုင်းပို့ ကြတယ်။ ၂-၃ ယောက်ရှိပြီ။ ဖေ့စ်ဘွတ်မှာလည်း တွေ့နေရတယ်။ ဒီဇင်္ဘာ (၁) ရက်နေ့မှာ ဆွိဒီဇင်္ဘာတဲ့။

ဒေလီမှာနေစဉ်ကလည်း မြန်မာပြည်သား ခရစ်ယန်တွေကသာ ကျင်းပကြတယ်။ အွန်လိုင်းသုတအရတော့ ကရင် ဘက်ပတစ် ခရစ်ယန်တွေ လုပ်တာတဲ့။

ဆွိဒီဇင်္ဘာ အလွန်လှတဲ့စကားစုလေးပါ။ အွန်လိုင်းမှာ ရှာရင်တော့ သြစတေးလျသီချင်း ခေါင်းစဉ်သာ တွေ့တယ်။ အမေရိကမှာ ဆွိဒီဇင်္ဘာကျင်းပတာမရှိပါ။

သင့်စ်ဂစ်ဗင်းနေ့ကိုလည်း တချို့က ခရစ်ယန်ဘာသာရေးနေ့လို့ ထင်နေကြတယ်။ မဟုတ်ပါ။ သမိုင်းကြောင်းစာ ရေးထားတယ်။

အမေရီးကာမှာတော့ ဘာနေ့ဖြစ်ဖြစ် စီးပွါးလုပ်ကြပါတယ်။

Adobe Analytics data လေ့လာဆန်းစစ်မှု ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ဘလက်ဖရိုင်းဒေးမှာ $9.12 billion ဒေါ်လာဖိုးဝယ်ယူခဲ့ကြပါသတဲ့။ မနှစ်ကတက် 2.3% ပိုပြီး သုံးစွဲကြတယ်။ ကျွန်တော်လည်း ဆရာဝန်သုံး နားကျပ်တခု မှာယူပါတယ်။ ဆွိဒီဇင်ဘာ ဒီမှာ မရှိပါ။

ဆီးချိုရှိသူတွေ အချိုနဲ့ မတည့်။

ဒေါက်တာတင့်ဆွေ

Comments