စာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်။ ထဘီစာလုံးမှာ မူကွဲတွေများတယ်။
၁။ ထမိန်ချွတ်၍ လွတ်လိုက်မည် မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် စီးပလေစေ မောင်မသုပ်နဲ့
၂။ ထဘီကျွတ် (ကကြီး ယပ်ပင့် ဝဆွဲ တသတ် ကျွတ်) လားလို့။
အဲဒီစာအုပ်ကို ရေးကြ ကိုးကားကြတာ အမှားတွေက အမျိုးမျိုး။ ချွတ် နဲ့ ကျွတ် မတူ။ ချွတ်သဖြင့် ကျွတ်သွားသည်။ (ကန်တော့)။ မည် နဲ့ သည် လည်း မှားကြတယ်။ ထဘီ လည်း မှားကြတယ်။
- ထမီကျွတ်၍ လွှတ်လိုက်မည် (မောင်သာရ)
- တဘီကျွတ်၍ လွှတ်လိုက်သည် (ရုပ်ရှင်)
- ထဗီစိမ်းဆင်ထားသည့် စစ္စတာတဦး (တက္ကသိုလ်ဘုန်းနိုင်၊ ဝသန်လေချိန်မှန်ကူး)
- တွံတေးသိန်းတန် - ထဘီတိုတို နှင်းစိုစို
ထဘီ၊ ထမီ၊ ထဗီ၊ ထမိန်လို့ မူကွဲတွေနဲ့ ရေးကြပေမဲ့ မိန်းမတယောက်ကို မိန်းမတယောက်လို့သာ ရေးတာကသာ မှန်တယ်။ တယောက်ကို စသတ်တာက မူကွဲ မဟုတ်။ မူလွဲ။
- အမေ့ထဘီ နားတောင်းပန်သော ပညာရှိမင်းကြီးတစ်ဦး (မောင်ခင်မင် ဓနုဖြူ) = မူလွဲ။
- ထဘီလေးတစ်ထည် - နုနုရည် (အင်းဝ) = မူလွဲ။
ဘယ်လိုရေးရေး ထမိန်လို့ အသံထွက်ကြတာများတယ်။
ချိတ်ထဘီ၊ ချိတ်လုံချည်လို့ ရေးရ။
ချိတ်
ချိတ်၍ဆွဲသည်
ချိတ်ဆက်
ချိတ်တိတ်တိတ်ပြော
ငါးမျှားချိတ်
ငါးသံချိတ်
ဋသန်လျင်းချိတ်
တွယ်ချိတ်
ပါးချိတ်ရိုး
ပုစွန်ဖော့ချိတ်
ပဲ့ချိတ်စက်
မီးချိတ် မီးကပ်
မျက်စောင်းချိတ်
လွန်းပြန်လက်ချိတ်ပုဆိုး
လှိုင်းချိတ်အဆင်
အကျႌချိတ်
အချိတ်ပုဆိုး
အချိတ်လုံခြည်
စောင်းချိတ်ကဲ့ရဲ့သည်
ဘေးချိတ်ထား
သော့ချိတ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment