Skip to main content

နှင့် နဲ့ နင် နင့် နက်

တစ်ချက်လောက်(တချက်လောက်) မေးချင်လို့ပါရှင့် ကျော်မသွားကြပါနက်ရှင်(နဲ့ရှင့်) ပါးစပ်တွေ အရမ်းခါးနေတယ် ကျောက်ကပ်ဆေးနက်(ဆေးနဲ့) သအိမ်(သားအိမ်)ဆေးနက်(ဆေးနဲ့) သောက်နေရတယ် ကြားထဲမှာ ဖျားလို့ အပူကျဆေးတွေသောက်နေရတယ် အဲ့ကြောင့်ပါးစပ်ခါးတာလား သ်ပရစေ(သိပါရစေ) အရမ်းသိချင်နေလို့ပါ ပြောပေးကြပါရှင့်
1. ကျန်းမာရေးနှင့် ပတ်သက်လို့ ရေးရတယ်။ ပတ်သတ်တဲ့လို့ ရေးရတယ်။
2. ကောင်လေးကချောရက်သားနက် = အသားမည်းနက်သောကောင်လေး
3. ခင်မောင်တိုးရဲ့ ပန်းချစ်သူသီချင်းကို ပျက်စေတဲ့ သီချင်းနောက်ခံစာသားများ
4. ဆရာ ကျမက မကွေးတိုင်းကပါဆရာ။ မဲ နဲ့ မည်း ကို ဘယ်လိုခွဲခြားသုံးလဲ သိချင်လို့ပါရှင့်။
5. ဆရာ အမဲ၊ အမည်းလို့ ဆရာပြင်ထားတာတွေ့လိုက်တယ်။ သူက အရောင်ကို ကိုယ်စားပြု ပြောတာဆိုတော့ အမဲက အမှန်လား အမည်းက အမှန်လားခင်ဗျ။
6. ဆရာခင်မျ ကျနော့် မိန်းမ နက် ( - ) မလို့ တားဆေးဘယ်လိုသောက်ရမလဲခင်မျ (ကန်တော့)
7. ဆရာခမျ ကျန်းမာရေးနက်ပတ်သတ်တာယဲ့အကြောင်းလေးမေးချင်လို့ပါခမျ
8. တခုလောက် မေးပ့(ပါ) ရစေရှင် ရင်သားကင်ဆာပါ သွေးစစ်ရင် CEA နက် (နဲ့) CA153 စစ်ရပါတယ် အ့ဒါ ဘာကိုစစ်တာပါလဲ သွေးအဖြေဘယ်လောက်ဆို ကောင်းပါသလဲ - တခုလောက်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း နက် ရေးတာ မှားနေတယ်။ သိလိုတာကို မက်စင်ဂျာမှာ ဖတ်ပါရန်။ 
9. နှင့်ကို စကားအရာမှာ နဲ့လို့ပြောဆိုကြပြီး စကားပြောစာရေးနည်းမှာ ထည့်ရေးလာကြပါတယ်။ နက်လို့ရေးတာတော့ မမှန်ပါ။
10. မျက်စိ အတွင်းတိမ် ခွဲချင်းတာ (ခွဲချင်တာ) ဈေးသက်သက်သာသာနက် (သက်သက်သာသာနဲ့) ဘယ်မှာခွဲလို့ရပါသလဲ
11. သတ်ပုံအမှား နှောင်းလူများ မခံစားနိုင်ကြတာ တူညီပါရဲ့ ဆရာ။ နဲ့ ကို နက် ဆိုပြီး ရေးကြတာကိုလည်း ထောက်ပြပေးပါဆရာ။ မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက် လို့ ရေးကြတာ အများအပြား ဖြစ်နေကြပြီဆရာ။
12. အမဲရောင်နဲ့ အမည်းရောင် ဘယ်ဟာအမှန်ပါလဲခင်ဗျ
နဲ့
ချည့်နဲ့နဲ့သာ ကျန်တော့သည်
ထော့နဲ့ထော့နဲ့ သွားနေသည်
ဒါနဲ့ စကားမစပ်
နှင့်
ကိုယ်နှင့်မဆိုင် ခွင့်မပိုင် ဆွဲကိုင်မကြည့်ရ
ကျန်းမာရေးနှင့် ပတ်သက်သော
ဆရာဝန်နှင့် လူနာ
ဆရာနှင့် တပည့်
ဇနီးနှင့် ခင်ပွန်း
ပညာရေးနှင့် သက်ဆိုင်သော
ဘာသာရေးနှင့် မဆိုင်သော
မင်းသားနှင့် မင်းသမီး
မလာသည်နှင့် ပြန်သွားပြီ
ရန်သူနှင့် မိတ်ဆွေ
ရုရှားနှင့် အမေရိကန်
လူမိုက်နှင့်ငွေ အတူမနေ
လူကောင်းနှင့် လူဆိုး
သားနှင့် သမီး
အစိုးရနှင့် ပြည်သူ
အဆိုးနှင့် အကောင်း
အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်
အနာနှင့်ဆေး တည့်အောင်ပေး
အဖြူနှင့် အမည်း
အရင်သွားနှင့်ပြီ
အမေနှင့် အဖေ
မေးခွန်းနှင့် အဖြေ
မောင်ဘနှင့် မောင်လှ
နက်
နက္ခတ်တာရာ
နက်ကျော
နက်ကြုတ်
နက်ချိပ်
နက်နဲခက်ခဲလှသည်
နက်ဖြန်ခါ
နက်ရှိုင်း
နက်ဝှမ်း
နင့်နင့်သီးသီး
နှဲ့၍ နဲ့
နုန့်နဲ့သည်
နဲ့
မင်းနဲ့ငါ
မိုးနဲ့မြေ
လှုပ်တိုင်းနဲ့သည်
သည်အဝတ်အစားနဲ့ လှသည်
သွားနဲ့သည်
သူနဲ့သာဆိုရင်
အဓိပ္ပါယ်အတိမ်အနက်
အနက်ရောင်
အသားနက်သည်
နင်
နင်နဲ့ငါနဲ့
နင်ပဲငဆ မပြောရ
အစာနင်သည်
နင့်
စားပို့နင့်တတ်သည်
နင့်နေအောင် မစားရ
နင့်နင့်သီးသီး မပြောအပ်
ဟိုလူနက် သည်လူနက်တွဲလို့ရေးရင်တော့ အသာမည်းသူနဲ့တွဲလိုက် အသားနက်သူနဲ့တွဲလိုက်ဖြစ်မှာပေါ့။
ခင်မောင်တိုးရဲ့ ပန်းချစ်သူသီချင်းကို ပျက်စေတဲ့ သီချင်းနောက်ခံစာသားများ။ (ပန်းလေးတစ်ပွင့်ရယ်) တဲ့။ (လက်နံ့ကွယ်) တဲ့။ (ယုယစွာထွေးဖွေ့) တဲ့။ နောက်လင့်တခု တွေ့ပြန်တယ်။ ပန်းချစ်သူဒို့လက်နဲ့ကွယ် (ခူးစွတ်ဖို့စိုးရွံ့လို့နေတယ်) တဲ့။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ