လက်ဝဲစာလုံးအကြောင်း ဆရာတင်မိုးရေးခဲ့တာကို ထပ်မံတင်ပြီးပြီ။ လက်ဝဲအဆက် ရေးဦးမယ်။ စောစောက လက်ဝဲစာတခုကို ကူးယူတင်ပြသေးတယ်။ ရေးထာတဲ့ တဝမ်းပူသတ်ပုံတွေကို ပြင်ပြီး သဘောမတူရင် ဖျက်ပေးမယ်ဆိုတော့ စာရေးသူက သဘောတူပါသတဲ့။ ကျေးဇူး။
ငယ်ငယ်လေးကတည်းက ဖတ်မိသမျှ လက်ဝဲစာတွေမှာ မြန်မာစာသတ်ပုံမှန်တာ များတယ်။ များတယ်ဆိုတာ အခုခေတ်ကြောင့်။ အရင်က လက်ဝဲစာရေးရေး လက်ဝဲမဟုတ်တဲ့စာရေးရေး၊ မဆလ စာတွေရေးရေး သတ်ပုံ မှန်ခဲ့တယ်။
ဘယ်တုန်းက မှားလာသလဲ သက်သေခံ နောက်တခုကို တင်ပြဦးမယ်။ ၁၉၇၈-၇၉-၈၀ ကထုတ်တဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ စာလုံးပေါင်း သတ်ပုံတွေ မှန်ခဲ့တယ်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလထုတ် မြန်မာအဘိဓာန်မှာ မှားကုန်ပြီ။ အချိန်ကာလအားဖြင့် ၁၀-၁၁ နှစ်သာကွာတယ်။ နှစ်အုပ်လုံးကို မြန်မာစာအဖွဲ့ အမည်ခံပါတယ်။ ၁၀ နှစ်သည် တ တွေကို တစ်စေလိုက်ခြင်းဖြစ်ပါ၏။စာရေးသားခြင်းမှာတော့ လက်ယာ မကွဲပါ။ လက်ဝဲစာရေးရေး လက်ဝဲမဟုတ်တဲ့စာရေးရေး၊ ဒီမိုကရေစီရေးရေး၊ စစ်အာဏာသိမ်းအုပ်စုဘက်က ရေးရေး တစ်ကုန်ကြပါတော့သည်။ သတ်နေသူတွေနဲ့ အသတ်ခံနေရသူတွေ အတူတူရေးသားကြကုန်၏။
ကနေ့ခေတ်မှာ ကျုပ်က လက်ဝဲသမားဗျဟု မိတ်ဆက်သူတွေက တစ်ကြကုန်၏။ မြန်မာပြည်မှာ မြန်မာစာ မှားရေးခြင်းမှာတော့ ညီညွတ်ကြကုန်၏။ ကွန်ဂရက်ကျူလေး မရှင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment