Skip to main content

စစ်ကိုင်းတိုင်း

၁၉၉၀ ကတည်းက နိုင်ငံရေးအတူလုပ်ခဲ့သူတွေထဲက တယောက်က ဒေါက်တာမြင့်နိုင်။ သူ ၂၀၁၅ မှာ စစ်ကိုင်းတိုင်းဝန်ကြီးဖြစ်လာတယ်။ ၂၀၁၈ ခုနှစ် အခုလိုနွေရာသီမှာ အလည်ပြန်တော့ သူ့ဆီရောက်တယ်။ သူတာဝန်ယူနေစဉ် ကျွန်တော်က အကူအညီတောင်းထဲတာလေးတွေရှိတယ်။ 

တခုကတော့ ကလေးမြို့နားမှာရှိတဲ့ မြောက်ယဉ်စွန်းတန်းဖြတ်ရာနေရာ မှားနေတဲ့ ကျောက်စာ။ အဲဒါကို ပြင်သင့်ကြောင်း စာရေးပို့ခဲ့တယ်။ ကနေ့မှသာ ပြင်ထားပြီးကြောင်း ဓါတ်ပုံနဲ့အတူ သိရတယ်။

နောက်တခုကတော့ စစ်ကိုင်းကောင်းမှုတော်စေတီကြီးကို ရွှေအတုသင်္ကန်းနဲ့ မလျှော်ကြောင်း ရေးတဲ့တာ။ သူ့လက်ထက်မှာ မူရင်းထုံးဖြူရောင်သင်္ကန်းကို ပြန်ပြောင်းသွားပြီ။ ကောင်းတယ်။ ဒေါက်တာမြင့်နိုင်လက်ထက်မှာ။

မုံရွာ အမှတ် (၂) အထက ကျောင်းနဲ့တွဲနေတဲ့ အဆောက်အဦကိုလည်း ကျောင်းကိုပြန်ပေးဘို့ ပြောခဲ့သေးတာ။ မလုပ်ဖြစ်လိုက်လို့ထင်တယ်။ 

ကျွန်တော်က လုပ်သင့်တာကိုပြောပြီး ကိုယ့်လူ လုပ်ပြီးလား ထပ်မမေးပါ။ သူကလည်း ပြန်ရေးမနေပါ။ လုပ်စရာပြီးမြောက်ရေးသာ အရေးကြီးတာ။ နေကောင်းပါစေ။

စေတီတော်ကြီး မူလသင်္ကန်းရောင် ပြန်ဖြစ်ပေမဲ့ 'ကောင်းမှုတော်' ကို အောက်မြစ်အပိုနဲ့ ရေးနေတာတွေကိုတော့ ပြင်ရခက်တယ်။ 'တဆူ' ကို မလိုအပ်ဘဲ စသတ်ကြတယ်။ လိုအပ်တဲ့ 'တွေ' မှာ ဝဆွဲနဲ့ 'ပါပြီ' မှာ ရရစ်တွေ မရေးကြ။ 'ဖြစ်' ကိုလည်း ရရစ်မထည့်ကြ။ ကင်ဆာလူနာတွေကလည်း 'ဘယ်လိုလုပ်ကမလဲ' တဲ့ မေးကြတယ်။ သူတို့လည်း 'ဖရင်း' တွေ၊ မိတ်ဆွေ သူငယ်ချင်းမဟုတ်တော့ ပြောမရကြပါ။

ဒေါက်တာတင့်ဆွေ

၃၀-၅-၂၀၂၁

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ