Skip to main content

လျော့ နှင့် လျှော့

၁။ ဆရာ အထူးလျှော့စျေး နဲ့ အထူးလျော့စျေး ဘယ်ဟာက အမှန်လဲဆိုတာ ပြောပြပေးပါလား။

၂။ အလျော့အတင်းနဲ့ အလျှော့အတင်းကို နားလည်အောင် ရှင်းပြပေးပါဦးဆရာ

လျှော့ 

တင်းကျပ်နေသည်ကို အနည်းငယ်ချောင်အောင်လုပ်သည်။

ကြိုးလျှော့သည်။ 

ခါးပတ်လျှော့သည်။ 

စျေးလျှော့ပါ

စိတ်လျှော့သည်

ဈေးလျှော့ဖွင့်သည်

လက်မလျှော့တဲ့အချစ်

လက်လျှော့သည်

လျှော့၍ လျော့သည်

လျှော့ပေါ့

လျှော့မတွက်နဲ့

လျှော့ရက်

လျှော့ရက်ရသည်

အကြံလျှော့သည်

အားမလျှော့နဲ့ ရောက်လုပြီ အို ကြိုးစားတက်ပါမည် ကုသိုလ်အကျိုးဟာ တန်ခိုးကြီးသည် ဘိုးဘိုးကြီး မမည် (ကျိုက်ထီးရိုး)

လျော့

ကြိုးလျော့

မာန်လျော့

အလျော့အတင်း

အထူးလျော့ဈေး

အလျော့အတင်း

လျော့ကျသည်

လျော့နည်း

လျော့ပါး

လျော့ရိလျော့နည်း

လျော့လျည်း

လျော့လျား

အလျော့အတင်း စောင်းကြိုးညှင်း

အားမတန် မာန်လျော့

ဖြေလျော့ခွေ

ငါနှင့်ငါသာ နှိုင်းစရာဟု ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်၍ နှုတ်ငေါက်လွန်မိ ဒေါသငြိလည်း နောင်ပြီးတခါ ရိုသေစွာလျှင် ဤစာကိုးခန်း ပုလဲပန်းဖြင့် စိတ်ကျန်းညံ့လျော့ ငါကန်တော့၏။ (ရှင်မဟာရဋ္ဌသာရ)

ဒေါက်တာတင့်ဆွေ

Comments