ကျနော်တို့ငယ်ငယ်က ဆန်ထဲကစပါးလုံးတွေ ရွေးခဲ့ရပါတယ် အခုဆန်တွေက ဘာလို့စပါးလုံးမပါတော့တာလဲခင်ဗျာ
ဆန်ကို ချက်ပြီး၊ ပြုတ်ပြီး စားသုံးနိုင်တဲ့အဆင့်ထိ သန့်စင်နည်းတွေကြောင့် ဆန်အရည်အသွေး ကောင်းလာပါတယ်။
မဆလ ခေတ်မှာ အစစအရာရာ ရှားပါးတယ်။ အရည်အသွေးတွေညံ့တယ်။ လစာလုပ်ခနဲ့ မလောက်လို့ အကြံအဖန်တွေ မျိုးစုံလုပ်ကြရတယ်။ မှောင်ခိုစနစ်က တတိုင်းတပြည်လုံး။ ရောနှောကြတယ်။ နိုင်ငံခြားပို့တဲ့ဆန်တွေပါ ရောလို့ သင်္ဘောတွေ ပြန်လာရပါသတဲ့။ ဆီတွေလည်း အတူတူ၊ ပဲတွေ ဂျုံတွေလည်း အတူတူ။ ဆေးတွေလည်း အရော အတု မလွတ်ပါ။ အခုခေတ်မှာ အတော်များများကတော့ ပိုကောင်းလာတယ်။ အညံ့တွေက များသေးတယ်။ ညံ့နည်းသစ်တွေ တိုးလာတယ်။
စားသောက်ကုန်မှာ ညံ့နည်းအပြင် မြန်မာစာနဲ့ ပညာမှာပါ ညံနည်းတွေနဲ့ ရောက်လို့ မြန်မာစာရော ပညာပါ မသန့်တော့ပါ။ ဘာသာရေး မသန့်တာတွေ ရှိလာတယ်။
အဲဒါကြောင့် ပညာ၊ သုတ၊ သမိုင်းနဲ့ မြန်မာစာကို ရေးပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment