သူ့ခေါင်းပေါင်းလည်း
ဟောင်းနွမ်းဆွေးကြေ၊ ဝင်းခြံမြေတွင်
အနေနေရာ ပြောင်းခဲ့ပြီ။
သူ့ပုဆိုးလည်း
ဆေးညှိုးရောင်မွဲ၊ မီးဖိုထဲတွင်
တဖြဲလက်သုတ်၊ အနှီးလုပ်၍
အစုတ်ဘဝပြောင်းခဲ့ပြီ။
စာသင်ပို့ချ၊ ဝိဟာရလည်း
နှစ်လကြာညောင်း ပြောင်းခဲ့ပြီ။
ဪ... မြေဖြူခြစ်၍
အော်ဟစ်ကပြ၊ သူ့ ဘဝမူ
ကဏ္ဍမပြောင်းလေတကား။
ကြည်ပြုံး(ပခုက္ကူ)
ငွေတာရီမဂ္ဂဇင်း ၃ (၁၉၆၃ မတ်လ)
Listener's Heaven Audiobooks - အသံစာအုပ်
ပခုက္ကူမှာ တဖြဲလက်သုတ်အစား တစ်ဖြဲလက်သုတ် သုံးနေကြပြီလား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment