Skip to main content

တောင်သူလယ်သမား ပြဿနာ

စစ်ပြေငြိမ်းစ၊ ကမ္ဘာ့ တခွင်

ရိက္ခာ အစား၊ ရှားပါး၍ နေရာတွင်
တို့တိုင်းငယ် ပြည်ပင်၊ ငြိုငြင် ခက်ခဲ
စပါး ဆန်ရေ၊ ချို့တဲ့နေ
တို့တွေ ရိက္ခာမွဲသည်နှင့်လေး။ ။
စစ်မီး လောင်ဆဲ၊ နွားကျွဲငယ် မစုံ
ဗုံးဒဏ် အစ၊ ဓားပြက တဖုံ
တိုက်လဲ မဖြုံ၊ မတုန်မလှုပ်
ပြည် တိုင်း နယ်တခို၊ ပေါစေလို
သက်ကို စွန့်ကာ လုပ်သည်နှင့်လေး။ ။
ပစ္စည်းကိုင်ဆုပ်၊ အထုပ်ကယ် ပိုက်လွယ်
ဘေးရန်ကျော်နင်း၊ လွတ်ကင်းတဲ့ ကိုလူကြွယ်
စစ်ပြီးခါဝယ်၊ ပြန်လည်လာကြ
တလင်းပေါ်တွင်၊ စပါးမြင်
လိုချင် သွားရည် ကျသည်နှင့်လေး။ ။
ကျွဲနွား ကစ၊ ဘာမျှ မကူ
စပါးကို မြင်မှ၊ သီးခတဲ့ လိုချင်မူ
လယ်သမားငယ် ပြည်သူ၊ ကြည်ဖြူ မရှိ
လူထုစုံလင်၊ ပေါင်းစုအင်
တိုင်ပင်နှိုင်းကာ ညှိသည်နှင့်လေး။ ။
စိုးရ အသိ၊ တိုင်းပြည့် ဒုက္ခာ
လယ် ယာသမား၊ ထောက်ထားငယ်မညှာ
ဆန်ဈေးကို နှိမ်ကာ၊ ဝယ်မှာ အတင်း
တို့ကို ရှောင်ဖယ်၊ တိုင်းခြားဝယ်
ဆက်သွယ်ကူညီ ပင်းသည်နှင့်လေး။ ။
တရားမဲ့လျှင်း၊ ဇွတ်မင်းပ မူလျှင်
ဒုက္ခကျပ်တည်း၊ အပြီးတွေ့ရမည်သာပင်
စိတ်ထား မရွှင်၊ လယ်တွင်မလုပ်။
မုချကြုံလာ၊ နောင်နှစ်မှာ
ရိက္ခာကုန်ကုန် ပြုတ်မည်နှင့်လေး။ ။
အချုပ် တိုင်အောင်သာ၊ ကပ်ကမ္ဘာ ဖုံးတော့မည်။ ။
မလုပ်နိုင် လယ်ယာ၊ ငတ်ရှာ အုံးတော့မည်။ ။ (တျာချင်း- ငွေတာရီ)
ရှေးစာကဗျာများ ကျေးဇူး။
ပုံအတွက် PNO ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ