စီ နဲ့ ဆီ မှားရေးတာတွေ များတယ်
(တချိန်တုံးကတက္ကသိုလ်ဆီ)
၁။ ချောကလက်လေးတွေတန်းဆီ
ချောကလက်လေးတွေတန်းစီ
မုံရွာကဖြစ်လို့ အားမနာပါးမနာ ပြင်လိုက်ပါသည်။
၂။ တယောက်နဲ့ တယောက် တမြို့စီ တနယ်စီ မဟုတ်လားဆရာ။
ဟုတ်။ ကျေးဇူး။ ပို့စ် တင်ပါမည်။
တယောက်နဲ့ တယောက် တမြို့စီ တနယ်စီ နေကြသော်လည်းလေလို့ ပြင်လိုက်ပါမယ်။
တနယ်ဆီသို့ သွားကြရသည်။
တနေရာစီမှာ နေထိုင်ကြရသဖြင့် ကိုယ်စီကိုယ်ငှ လွမ်းဆွတ်ကြလိမ့်မည်။
သူ့ဆီက သတင်းစကား မကြာရတာကြာပြီ။
ဘယ်ဆီဘယ်ဝယ် မှန်းဆကာတွေးမိတယ်။
တယောက် တနေရာစီမှာနေ ပိတောက်နဲ့ ချယ်ရီပမာလေ။
၃။ ဆရာရှင့် သူ့ စီ ကိုသွားမယ် သူ့ ဆီ ကိုသွားမယ် စီ နဲ့ ဆီ ဘယ်စာလုံး အမှန်ပါလဲရှင့်
၄။ တချိန်တုံးကတက္ကသိုလ်စီ - တချိန်တုံးကတက္ကသိုလ်ဆီ
တစ်ချိန်တုန်းက - မှား။
တက္ကသိုလ်စီ - မှား။
၅။ ဆရာရှင့် သူ့စီမှာ သူ့ဆီမှာ အဲ့ထဲက ဘယ်တခုက အမှန်ပါလဲရှင့်
- 'တမြို့ဆီ ခြားပေမဲ့' 'တမြို့ စီ ခြားပေမဲ့' ဘယ်ဟာက အမှန်လဲ ဆရာ 'တခုစီ' 'သပ်သပ်စီ' ဆိုတာလည်း ရှိသေးလို့ ဘယ်ဆီမှာ နေသလဲ။ တနေရာစီ၊ ကိုယ်စီကိုယ်ငှ။ တယောက် တခုစီ။
- ဘယ်ဆီဘယ်ဝယ် xx မှန်းဆကာ တွေးမိတယ် ဘယ်ဆီကို သွားဦးမှာလဲ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ အဲ့သည် 'ဆီ' ဆိုတာ နေရာတခုခုကို (adverb of place) ကို ညွှန်းတယ်ထင်ပါတယ်။
- တမြို့ စီ တနယ်စီ တနိုင်ငံခြင်းစီအလိုက် တို့က 'စီ' နဲ့သင့်တော်တယ်ထင်မိကြောင်းပါ ဆရာ မေတ္တာထား၍ မှားလျှင် ပြင်ပေးပါ။
- တခုစီ၊ တမြို့စီ၊ တပြည်စီ၊ မှန်ပါတယ်။ ဒီ သီချင်းထဲမှာတော့ တမြို့ဆီခြား၊ တပြည်ဆီခြားကို ပိုနှစ်သက်ပါတယ်။
၆။ ဆရာရှင့်။ မေးခွန်းတခွန်း မေးခွင့်ပြုပါ။ ကျမတို့ စကားပြောရင် "ဘယ်သူ့စီသွားမလို့" "ဘယ်သူ့စီကရတယ်" စသဖြင့် ပြောကြပါတယ်။ စာ စကားနဲ့ ရေးရင်တော့ "ထံ" လို့ သုံးရမည့် နေရာပါ။ အဲဒီလို "စီ" လို့ ရေးရင် စာလုံးပေါင်း မှန်ပါသလား။
အရင်ဆုံး စီ နဲ့ ဆီ ကိုတင်ပြမယ်။ ဘယ်သူ့ဆီလို့ ရေးရတယ်။ ဘယ်သူ့ဆီကလို့ ရေးရတယ်။ စီ နဲ့ ဆီ လွဲနေသူတွေ အတော်ကို များတယ်။
၇။ တပြေ (ပြည်) စီ နဲ့ တပြေ (ပြည်) ဆီ ဘယ်ဟာ အမှန်ပါလဲ ဆရာ။ (ပြည် နဲ့ ပြေ မတူပါ။ စီ နဲ့ ဆီ အတော်ကို ကွာခြားတယ်။ တကို မလိုအပ်ပဲ စသတ်တာ မှားတယ်။)
၈။ မင်္ဂလာပါ ဆရာ မြန်မာစာမှာ စီနဲ့ ဆီကို ဘယ်လိုသုံးလဲ သိချင်ပါတယ် ဥပမာ ကလေးတွေဆီက ကလေးတွေစီက ကလေးတွေဆီက ဆိုတဲ့စာလုံးပေါင်း ဆီ ကိုမှားနေတယ်ပြောနေလို့ပါဆရာ (ဆီ မှန်တယ်)
၉။ ဆရာစီကစာယူတင်ခွင့်ယူဖူးပါတယ် (ဆရာ့ဆီကလို့ ရေးသင့်။ ဆရာစီဆိုရင် ဦးစီ ဒေါက်တာစီ အမည်ရှိသူဖြစ်သွားမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။)
၁၀။ သားဖွားဆရာမတယောက်က mega 3 နဲ့ folic acid တနေ့တလုံးဆီသောက်ခိုင်းပါတယ် ခုကိုယ်ဝန်ရနေပြီဆိုတော့ ဆက်သောက်ရဦးမှာလား ဆရာ။ (တနေ့တလုံးစီ (တလုံးကျ) လို့ ရေးသင့်။)
၁၁။ ဆရာ့စီက အတုယူစရာတွေကို မှတ်ပါတယ်ဆရာ။ (ဆရာ့ဆီကလို့ ရေးရပါမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။)
၁၂။ အထဲက ကလေးလည်းမတွေ့ဘူး။ နှလုံးလည်းမခုန်ဘူးလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆရာ့စီက အကြံဉာဏ်လိုချင်လို့ပါတဲ့။ (ဆရာ့ဆီကလို့ ရေးရပါမယ်။ ဆရာ့ဇီကလို့ အသံထွက်ရတယ်။)
၁၃။ ဘီပိုးရှိလူနာ့စီကသွေး သူ့မျက်စိကို စင်လို့မေးလာတယ်။ (လူနာ့ဆီကလို့ ရေးရပါမယ်။ လူနာ့ဇီကလို့ အသံထွက်တယ်။)
၁၄။ ကိုယ့်စီမှာရှိတဲ့ အရင်းအမြစ်တွေကို (ကိုယ့်ဆီမှာရှိတဲ့လို့ ရေးရတယ်။)
၁၅။ မိုးယံမှသည်ချစ်သူစီသို့ တေးရေး ကိုတင်အောင်သန်း တင်ဇာမော် - မှားသည်။ (ချစ်သူဆီသို့)
၁၆။ လှည်းဝင်ရိုးသံ တညံညံ ပုဂံရွှေမြို့တော်လို့ တင်စားခေါ်ဝေါကြတဲ့ ပုဂံရွှေမြို့တော်ကြီးစီမှ ယွန်းစစ်စစ်ဖြင့်ပြုလုပ်ထားသည့် မြန်မာမှုလက်ရာများကို အလွမ်းပြေအိမ်မှာ အလှထားချင်တယ်ဆိုရင်ဖြင့် မြန်မာမှု လက်မှုပညာတွေကို တနေရာထဲမှာ ပစ္စည်း အစုံလင်ရနိုင်တဲ့ JonBurma Page လေးကို သတိရလိုက်ပါနော် (လှည်းဝင်ရိုးသံ တညံညံ၊ တနေရာထဲမှာရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ပုဂံရွှေမြို့တော်ကြီးဆီမှလို့ ရေးရ။)
၁၇။ တနေရာစီ တနေရာဆီ။ စီ နဲ့ ဆီ ဘယ် သတ်ပုံက အမှန်လဲဆရာ။ (တနေရာစီ)
၁၈။ အထွေထွေဆရာဝန်နဲ့ပြခိုင်းလို့ တခါတည်းပြလိုက်ပါတယ် - အခုမှပဲနည်းနည်းစိတ်အေးရတော့တယ်ရှင် အားပေးကြတဲ့တစ်ယောက်ဆီ(တယောက်စီ) တိုင်းကို ကျေးဇူးတင်ပါတယ်ရှင်
တခါတည်းလို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ တယောက်စီ၊ တခုစီလို့ ရေးရ။
စီ
ကြောင်ကလေးပူစီ။
ကိုယ်စီကိုယ်ငှ အမျှရကြစေ။
ငါ့ဆီယူခဲ့။
စားအုန်းဆီ ဈေးချို၏။
စာစီစာကုံး ရေးပါ။
စီစဉ်သည်။
စီတန်းသည်။
စီမံသည်။
စီရင်ချက် ချမည်။
ဆီ
ငါ့ဆီယူခဲ့။
စားအုန်းဆီ ဈေးချို၏။
ဆီဆိုင်မြို့။
ဆီမီးခုံအရပ်။
ဆီလျော်သည်။
ဆီဦးထောပတ်။
ညံညံစီစီ။
နှမ်းဆီ ဆမ်းစားလို့ကောင်း၏။
နေကြာဆီလည်း ကောင်း၏။
ပဲဆီ ကြော်လို့ကောင်း၏။
ပဲပုပ်ဆီ အမျိုးသမီးတွေအတွက် ကောင်း၏။
ဘယ်ဆီအမျိုးအစားက ကျန်းမာရေးအတွက်ကောင်းသလဲ။
မဆီမဆိုင်မပြောနဲ့။
မဟာဆီ မဟာသွေး။
ရိုးတွင်းခြင်ဆီ။
ဝေးရပ်ဆီက မေတ္တာပို့ပါတယ်။
သူ့ဆီမှာ စာအုပ်ကောင်းရှိတယ်။
ဟိုဆီကို သွားပါ။
ဟိုတောင်ဆီရယ်က ညိုတိုတိုရယ်။
အစီအရီထားပါ။
အုန်းဆီမွှေး ဆံပင်မှာလိမ်းပါ။
စီကာပတ်ကုံး
စီစီညီညီ
တန်းစီညာညှိ
တန်းစီတိုးစား
ကစီဓာတ်
ဝစီကံ
စုံစီနဖာ
ငါးစီဖောင်း
ဝီစီမှုတ်
ဆီနဲ့ရေ
ဆီလိုအပေါက်ရှာ
ဆီမပါပျားမပါ
ဆီပါရင်ကောက်ရိုးတောင်စားလို့ဖြစ်တယ်
အဆီအအိမ့် အဆီပိတ်နေဦးမယ်
ပစ်ရမှာလည်းအဆီနဲ့ဝင်းဝင်း စားရမှာလည်းသဲနဲ့ရှပ်ရှပ်
အဆီအနှစ်
ဟိုတောင်ဆီကညိုတိုတိုရယ်
အဝေးဆီကိုပျံမသွားပဲ မောင့်အနားမှာနေ
မောင်ဘစီနှင့် မောင်မြစီတို့သည် မုံ့ဆီကြော် တခုစီ စားနေကြ၏။ စားပြီးသော် ကျောင်းဆီသို့ စက်ဘီးကိုယ်စီနှင့် သွားကြလိမ့်မည်။ လက်နှင့် ပါးမှာ ဆီတွေပေနေကြသည်။ ကျောင်းမတက်မီ အလံတော်ရှေ့မှာ တန်းစီကြရပါမည်။
တချိန်တုန်းကတက္ကသိုလ်ဆီသီချင်း https://www.capcut.com/my-mm/discover/keyword/55273649411
ရွှေညာဆီသွားမယ် https://www.youtube.com/watch?v=Un7stod1760
ဒေါက်တာတင့်ဆွေ

.jpeg)
Comments
Post a Comment