Skip to main content

မြန်မာ့ဈေးကွက်

၁။ "ကြည်အေး" သည် စာလုံးပေါင်းသတ်ပုံ မှန်အောင် မရေးတတ်သဖြင့် "တစ်အေး" က ပြင်ပေးထာရသည့်စာအုပ်ဖြစ်ပါသည်။

လိုချင်ပါသည်။ ဝယ်လို့ရမလားဆရာ။

စာအုပ် မရောင်းပါ။ ဆောရီး။ သတ်ပုံမှားစာအုပ် အားမပေးပါ။

၂။ ဆေးအတုဖြစ်ပါသည်။

ဘယ်မှာဝယ်ရမလဲဆရာ။

ဆေးမရောင်းပါ။ ဆေးအတု အားမပေးပါ။

၃။ ကြော်ငြာဆေးသာဖြစ်ပါသည်။

ဘယ်လောက်ပေးရမလဲဆရာ။

ဆေးမရောင်းပါ။ ကြော်ငြာဆေး အားမပေးပါ။

၄။ ပိုက်ဆံအတွက်ရောင်းတာဖြစ်ပါသည်။

ဘယ်လိုသောက်ရမလဲဆရာ။

ပိုက်ဆံပေါလွန်းပါက ကြိုက်သလောက်သောက်နိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments