ဒီသီချင်းဆိုကြတဲ့ခေတ် ၁၉၆၅ ခုနှစ်မှာ စာလုံးပေါင်း သတ်ပုံတွေ မှန်ပါတယ်။
မြကျွန်းညိုညိုတက္ကသိုလ်
မြစ်ချောင်းငယ်ဖြာဖြာ
ရေပြာပြာ သမုဒ္ဒရာမှာပေါင်းစုံ
အသစ်အဟောင်းနယ်စုံစွာ ကျက်သရေဂုဏ်ဝေဖြာတဲ့
အကြေတက္ကသိုလ်မှာ အကြောင်းဆုံ
မြကျွန်းညိုညို
ကွန်းခိုရာတက္ကသိုလ်မှာကြုံ
စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ
တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း
စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ
ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန်
(မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာကြုံ
စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ
တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း
စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ
ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန်
ရှေးယဉ်ကျေးမှုအစဉ်အလာ တို့ဆက်ခံကာသာယုံ
တေးထွင်ရေးပြုညင်သာ တိုးတက်ပါစေကုန်
ရှေးယဉ်ကျေးမှုအစဉ်အလာ တို့ဆက်ခံကာသာယုံ
တေးထွင်ရေးပြုညင်သာ တိုးတက်ပါစေကုန်)
ပန်းကံ့ကော်ဝင်းဖန့်ဖန့်
သင်းပျံ့ကြိုင်လှိုင်ထုံ
(တို့တက္ကသိုလ်ဂုဏ်)
စိန်ပန်းစုံနီဝေဝေ မြကန်ရေ သာမော
အဆင်ဆန်းပုံ ပင်နန်းစုံ အလှအဖုံဖုံ
ဝန်းခိုခရုံ ကျွန်းညိုမြဂုဏ်
(မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ်မှာကြုံ
စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ
တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း
စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ
ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန်)
မြကျွန်းညိုညို
ကွန်းခိုရာတက္ကသိုလ်မှာကြုံ
စာပေဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ
တေးပဉ္စင်ငြိမ့်ငြိမ့်ညောင်း
စုပေါင်းပါလို့ သီကျူးပုံ တေးမင်္ဂလာ
ဘဝင်မှာအေးလို့ ငြိမ်းချမ်းကြစေကုန်)
(ရှေးယဉ်ကျေးမှုအစဉ်အလာ တို့ဆက်ခံကာသာယုံ
တေးထွင်ရေးပြုညင်သာ တိုးတက်ပါစေကုန်)
ရှေးယဉ်ကျေးမှုအစဉ်အလာ တို့ဆက်ခံကာသာယုံ
တေးထွင်ရေးပြုညင်သာ တိုးတက်ပါစေကုန်)
ပန်းကံ့ကော်ဝင်းဖန့်ဖန့်
သင်းပျံ့ကြိုင်လှိုင်ထုံ
(တို့တက္ကသိုလ်ဂုဏ်)
စိန်ပန်းစုံနီဝေဝေ မြကန်ရေ သာမော
အဆင်ဆန်းပုံ ပင်နန်းစုံ အလှအဖုံဖုံ
ဝန်းခိုခရုံ ကျွန်းညိုမြဂုဏ်။ ။
မြကျွန်းညိုညို တက္ကသိုလ် - ကိုမြသိန်း နှင့် အဖွဲ့ https://www.youtube.com/watch?v=zgEOa1hNyfI
ဒေါက်တာတင့်ဆွေ
Comments
Post a Comment