(အလွန်တရာမှ၊ မက်မောလှသည်)
သူငယ် ချင်း
ဝီစကီဆို
ရီတီမူးတူး၊ မသောက်ဖူးလည်း။
သူ့ အိမ်ဧည့်ခန်း
ခါးပန်းကိုကြည့်
အဝိုင်းလေးထောင့်
သုံးမြှောင့်မွမ်းချွန်
ပုလင်းခွံ ကော့ပျံ
ပုံသဏ္ဌာန်တွေ၊ တန်းစီနေ၏။
ဘရန်ဒီ ဆို
ရီတီမူးတူး၊ မသောက်ဖူးလည်း။
သူ့ အိမ်ဧည့်ခန်း
ကြွက်လျှောက်တန်းကြည့်။
အဝိုင်းလေးထောင့်
သုံးမြှောင့် မွမ်းချွန်
ပုလင်းခွံ ကော့ပျံ
ပုံသဏ္ဌာန်တွေ တန်းစီနေ၏။
သူငယ်ချင်း
သူ့ ဝါ သနာ
ကမ္ဘာတလွှား၊ ရှာမှရှား၏
စဉ်းစားကြည့်လေ။
ဝီစကီဆို
ချို၏ခါး၏၊ သူမသိလည်း
သိရကောင်းဘိ၊ သူမသိလည်း။
ဘရန်ဒီဆို
ချို၏ခါး၏၊ သူမသိလည်း
သိရကောင်းဘိ၊ သူမသိလည်း။
စုလစ်မွမ်းချွန်
ပုလင်းခွံ ဆို
အလွန်တရာမှ၊ မက်မောလှသည်
ဒုက္ခပါလား သူငယ်ချင်း။ (တက္ကသိုလ် မင်းမော်)
ဒဂုန်မဂ္ဂဇင်း (၁၉၈၅ ဧပြီလ)
Listener's Heaven Audiobooks - အသံစာအုပ်
ခုခေတ်ကဗျာဆရာဆိုသူတွေကတော့ 'တစ်' ပြီး မူးတော်မူကြပါသတဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment