Skip to main content

“မိုးခါးရေ”

ပုစဉ်းရင်ကွဲ

အာပြဲအောင်အော်

မိုးကိုမျှော်...။

ဖားတလက်ခြောက်

အာပေါက်အောင်အော်

မိုးကိုခေါ်...။

မိုးကြီးသည်းစွာ

ရွာပါပြီကော...။

ပုစဉ်းပေါလော

ဖားပေါလော

မျောပြီးပါသွားရှာလေရော...။   ။

-သန်းစိန် (ပုလဲ)

ကဗျာကို ရေးထားခဲ့သူက ဦးသန်းစိန်၊ ၁၉၉၀ ပုလဲ အမှတ် (၁) က အင်နယ်လ်ဒီ အမတ်။ ၁၉၉၀ ခုနှစ် ဒီဇင်္ဘာလမှာ ကျွန်တော်နဲ့အတူ တိုင်းပြည်ကနေ ထွက်ပြေးသူ။ အိန္ဒိယမှာ အနှစ် ၂၀ ကျော်နေထိုင်ပြီး သြစတေးလျနိုင်ငံရောက်သွားတော့ ဒါဝင်မြို့မှာ အသည်းရောဂါနဲ့ ကွယ်လွန်ပါတယ်။ ပါတီတွင်း အဆင်မပြေမှုတွေဖြစ်တော့ သူဟာ ကျွန်တော့ဘက်မှာ အမြဲရပ်တည်ခဲ့သူ လူနည်းစုထဲက တဦးဖြစ်ပါတယ်။

ကျွန်တော့အဖြစ်အပျက်နဲ့ သူ့ကဗျာထဲက အချက်အလက်တွေဟာ တကယ့်နိုင်ငံရေးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments