ပြည်ပနိုင်ငံရေးထဲက ဆရာဝန်တယောက် (ဒေါက်တာကျော်ညွန့်) မနေ့က ကွယ်လွန်ပါတယ်။ သူက ကျွန်တော့ထက်အရင် တောခိုသူ။ ခင်မင်ရင်းနှီးတယ်။ သူက ဘယဆေးဝါသနာပါတယ်။
သူ့အရင် ကွယ်လွန်ခဲ့တဲ့ ပြည်ပနိုင်ငံရေးထဲက ဆရာဝန် (ဒေါက်တာမျိုးဝင်း) က အပ်စိုက်ဆေးကုနည်း ဝါသနာပါတယ်။ သူက အမတ်လည်းဖြစ်တော့ အတူလုပ်ကိုင်ရာမှာ ပိုပြီးနီးကပ်ပါတယ်။
ကျောင်းသားဆရာဝန်တွေလည်းရှိတယ်။ ပြည်ပနိုင်ငံတွေမှာ နေထိုင်ပြီး ထိုင်း-မြန်မာနယ်စပ်ကို အချိန်ရတိုင်းလာပြီး ပြည်သူ့ကျန်းမာရေးအတွက် ကူညီကြတဲ့ ဆရာဝန်တွေလည်း ရှိတယ်။
ပြည်ပနိုင်ငံရေးထဲမှာ ဆေးမကုတဲ့ဆရာဝန်တွေလည်းရှိတယ်။ ကျွန်တော်ကတော့ ဆေးကုတာ၊ ခွဲစိတ်ကုသတာနဲ့ ကလေးမွေးပေးတာကို အချိန်ဖဲ့ပြီး လုပ်ပါတယ်။
နိုင်ငံရေးထဲကဆရာဝန်တွေဟာ တိုင်းပြည်ရဲ့ဝေဒနာကို ပျောက်စေချင်ကြပါတယ်။
အဆက်
၂၀၂၁ နောက်မှာ ကျွန်တော်ရေးတာထက် ထူးခြားတဲ့ အဖြစ်မှန်တွေကို တောထဲထပ်ရောက်နေကြတဲ့ ဆရာဝန်တွေက ဆက်ရေးကြလိမ့်မယ်။ သူတို့ဟာ ခြင်္သေ့နဲ့ တွေ့နေကြရသူတွေ။ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၈-၆-၂၀၂၁
၂၈-၆-၂၀၂၃
Comments
Post a Comment