Skip to main content

Leonardo da Vinci လီယိုနာဒိုဒါဗင်ချိ

အီတလီလူမျိုး ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတ၊ အနုသုခုမ၊ ဒဿနိကဗေဒ၊ စတဲ့ဘာသာရပ်ပေါင်းများစွာမှာ ကဝိတဆူ ဖြစ်တယ်။ လီယိုနာဒိုဒါဗင်ချိက ၁၄၅၂ မှာမွေးဖွါးပြီး ၁၅၁၉ အထိအသက်ရှင်ခဲ့ပါတယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂ စာမျက်နှာ ၃၀ မှ ၃၂

လီယိုနာဒိုဒါဗင်ချိသာ မြန်မာပြည်ကဆိုရင် သူရေးဆွဲခဲ့တဲ့ မိုနာလီဇာပုံကို ပြင်ကြလိမ့်မယ်။ ပန်းချီကားအမည်က သတ်ပုံတွေကို ပြင်ကြလိမ့်မယ်။ သူ ဣတာလျံလူမျိုးဖြစ်တာ ကံကောင်းသွားတယ်။ မြန်မာပြည်မှာက အရင်က ကောင်းခဲ့ မှန်ခဲ့တာတွေကို မပြင်သင့်ပဲ ပြင်တာကို ပညာလို့ထင်မှတ်နေကြတယ်။

လီယိုနာဒိုဒါဗင်ချိ နှင့် ခေတ်ပြိုင် မြန်မာ့သမိုင်းဖြစ်စဉ်များ

၁၄၅၉ မြောက်ဦးက စစ်တကောင်းကိုသိမ်း။

၁၄၄၆-၁၄၄၉ တရုပ်က မြန်မာပြည်အထက်ပိုင်းကိုကျူးကျော်။

၁၄၅၀ ဗညာကျန်းက ရွှေတိဂုံစေတီတော်ကို အမြင့် ၃၀၂ ပေအထိ တိုးမြှင့်တည်ဆောက်လှူဒါန်း။

၁၄၈၀ အင်းဝဘုရင်ကိုဆန့်ကျင်တဲ့ ပုန်ကန်မှုတွေ ပေါ်ပေါက်။ ပြည်၊ ရမည်းသင်း၊ မိုညှင်း။

၁၄၈၂ အင်းဝမှ သတိုးမင်းစော ပြည်မှာနန်စိုက်။

၁၄၈၅ မင်းကြီးညို တောင်ငူမှာနန်းစံ။ အင်းဝလက်အောက်ခံ။

၁၅၀၁ နရပတိ (၂) အင်းဝဘုရင်ဖြစ်လာ။

၁၅၀၂ အင်းဝလက်အောက်ခံ ကျော်တည် တောင်ငူလက်အောက်ရောက။ ရွှေဘိုခရိုင် မိုးညှင်း လက်အောက်ရောက်။

၁၅၁၀ တောင်ငူသည် အင်းဝလက်အောက်မှ လွတ်မြောက်။

ဒေါက်တာတင့်ဆွေ

Comments