ဟယ်လိုဝင်း နေ့မှာ ဆရာတင်မိုးကဗျာကို ပြန်တင်ပါတယ်။
တဲခေါင်မိုးပေါ် တချက်ချက်နဲ့
မိုးစက်နဲ့ ရွက်ခြောက်တွေ
ညရဲ့ တစ္ဆေ။
မိုးလားလေ နွေလားလေ
မပြေတဲ့ ချင်ခြင်း။
မီးတိုင်ကိုင်ကာ ကိုယ်တိုင်ထတော့
မနက်အရုဏ် မှုန်တပျမှာ
ကျနေတဲ့ နှင်း။ ။ (တင်မိုး ၁-၇ -၁၉၇၀)
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်ထဲကဖြစ်ပါတယ်။ (တစ်)ချက်ချက်နဲ့ မှုန်(တစ်)ပျလို့ ရေးကြတဲ့ မြန်မာစာတစ္ဆေ ခြောက်ခံရေသူတွေအတွက်။
ဒေါက်တာတင့်ဆွေ
၃၁-၁၀-၂၀၂၂
Comments
Post a Comment