Skip to main content

တန်ဆောင်မုန်းလ ဗြိစ္ဆာရာသီဘွဲ့

တိမ်ခိုးမှ ဖျော်ဖျော်လေ၊ (ဖြော်ဖြော်လေ- မူကွဲ)

ဖလ်နန်းစကြာ၊ ဝိသာခါနှင့်

ယှဉ်လာပြိုင်ထွန်း၊ လပြည့်ဝန်းလည်း

လေးကျွန်းလည်လှည့် ရွှေဘုန်းတော်ပြည့်လှသည်

ကြည့်တိုင်းတော် ပါလို့လေး။ ။

စက်ဖော်ငယ်မှ ကွာဝေး၊

အခေါက်တရာ၊ ကတ္တီပါနှင့်

ရတနာကျောက်စီ၊ မည်သရီကို

လီလီထပ်ပုံ၊ တပိုင်းငယ်ခြုံ

မလုံသေးလို့၊ ဧးလှသနော်

လမြတ်ကယ်ဗြိစ္ဆာ၊ ဤအခါကို

တံငါငါးမင်၊ ပိုက်ကြီးရှင်တို့

ဒေါင်ဒင်သံညောင်း၊ လှေငယ်လောင်းနှင့်

မြစ်ကြောင်းမှာ ဆော်သည်

နတ်ကျော်အောင် စည်တီးလို့

မကြီးငယ်ညှိုး။ ။

ကြောက်စိုးမှ လန့်ဖွယ်၊

ခဝဲရစ်ခွေ၊ ပြည်ပန်းရွှေနှင့်

တောခြေတောင်ယံ၊ ပင်နန်းပျံမှာ

လူဟန်နွဲ့ညိတ်၊ ကရဝိတ်လည်း

ချစ်ရိပ်သွယ်လို့၊ ငယ်သံတွတ်တီး

ဆီမီးက ထိန်၊ မြောက်လေက ကြိမ်သနှင့်

တိမ်အဆာကျယ်၊ နှာမောင်းသွယ်လို့

ရွှေနွယ်လို ချီသည်၊

ကျီးအာနီ မျက်နှာလှကို

ဓညပြည်ဧး။ ။

နာရီအန္တ၊ ဂဏန်းဆနှင့်

ချမ်းစပြုတုန်း၊ တန်ဆောင်မုန်းကို

ပတ်ကုံးဝန်းကျင်၊ ဇမ္ဗူပြင်မှာ

ကြင်သူမရှိ၊ အသာမိတို့

ကယိကနွမ်း၊ မယ်နှင့်လွမ်းလို့

စက်ခန်းဘုံခွင်၊ ငိုလျက်သာ ဝင်လိမ့်မည်

နှင်းရွှင်ရွှင် ဟေမန်မိုးက

ဆော်နှိုးကြွေး။ ။ (မယ်ခွေ)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ