Skip to main content

ပဉ္စပါပီရကန် စာမြည်း

(ဟဿရသ နိမိတ်ပုံ အဖွဲ့တချို့)

=> ပဉ္စပါပီ၏ မိဘများ ဆင်းရဲလို့-

ဘယ်ကာလသား၊ ဘယ်ယောက်ျားမှ

ရည်းစားဘို့ မမြင်၊ လင်ကံဘို့ မထွက်

သူ့အသက်ကို၊ စက္ကဝါဠေ

ခက်စရာတွေ စုသောကြောင့်

အကုသိုလ်ကံ၊ မပုတို ကံငယ်

မကြံနိုင်အောင်၊ တရွာလုံး ရှောင်ကြဉ်၍

ခေါင်ကကဲ

အမွဲမှာ မပြောချင်အောင်မောသတဲ့

ဖွတ်ကျောမှာ ပြာခိုသည်

စဖိုနှင့် အ်မ်ထောင်ဘက်ပါလို့…

အိမ်ဝါးကလည်း ပရမ်းပတာ

ဆင့်ဝါးများဟာလည်း ကျဲပါဘိချက်

ကြိမ်ကွပ်က ပျက်သနှင့်…

ဘုရားဘုရား

အိမ်တိုင်များ မှာလည်း

ပိုးစား၍ ယဲ့ယဲ့

တခြမ်းပဲ့ ကြက်ယက်

ခေါင်ပျက်က မိုးယို

ပြိုတော့မည့်ပုံ…

=> အတွေ့ထူး-

လက်အတွေ့တွင်၊ ကြက်သေ့သေ၍

ရွှေနှလုံးငြိမ့်၊ ထောင်ကြောစိမ့်လျက်

ဆလိမ့် ထိပ်ခွင်၊ လုံးကြီးတင်ကို

မတွင် ထင်ရှား၊ တံခွန်လွှား၍

အောက်နားအမြစ်၊

ဘယ့်နှယ်များ ဖြစ်တယ်လို့…

=> တရားခံဖမ်းခန်း-

မျင်နှာက မှုန်မှုန်၊ လက်လာက တုန်ရာတွင်

သုန်သုန်ရိုက်ရိုက်၊ တောင်လေက တိုက်သနှင့်

နှိုက်ထိုးသမျှ တင်းထိမ်ကလည်း 

လှိုင်းထသောအခါ

အပေါက်ဟာကို ရှာမတွေ့

မှိုင်မေ့မေ့ တေ့လွဲတေ့လွဲ ဆယ်ကိုးကြိမ်…

(ရူပါမြင်ကာ စိတ်မပါ)

ဖင့်နွဲ့ လေးကန်၊ ဘယ့်နှယ်များ ကြံကြသည်

မြန်မြန်ရိုးရိုး၊ ထိုးလျှင်လည်း ထိုးကြပေါ့

ထိုးမိလျှငိလည်း သိရော့

သူခိုးဖြင့်လည်း မိရော့

အသိနှင့် မမိ

အထိနှင့် အတွေ့ကို

အမေ့သမီး တေ့မိလျှင် ပြီးရော့မည်…

ကြောင်ကတာတာ၊ ပြောင်စာစာနှင့်

ငါစိတ်ဆိုးလှချည့်၊ ထိုးကြပါတော်

ဟစ်၍ အော်လိုက်သည်

ထိုးဖော်ထိုးဖက်

ဘယ်သူ့ကို ရှက်သတုံး

ခက်လိုက်သည့်ဟာ အားမနာနှင့်

ထိုးစရာ လက်မပါကြသလား…

ညကြိုက်မောင်ကြီး

အမှုနီးတဲ့မောင် ပြီးလွယ်စေချင်

ခရီးတွင်အောင်

စိတ်တိုင်းကျ

လအသုံးဖော်

တဘဝလုံး တော်ရောပေါ့… (စိတ်မရှည်၍ ကြိမ်းပုံ)

=> သူအရင်ထိုးမည်၊ ငါအရင်ထိုးမည်-

ပုပုရော မြင့်မြင့်ရော

ပြောပြောဆိုဆို လူအိုအိုနှင့်

လူပျိုလူသန့် မညံ့မခံဘူး

ဟန်ရအောက် ထိုးလိုက်မည်

လက်ညှိုးတထောင်ထောင်…

(နာခံတော်ဦးရွှေနီ)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ