ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်နေတဲ့ ချင်းတောင်တန်း။ ချင်းတောင်တန်းနဲ့ ဆက်နေတာက ပုံတောင် ပုံညာ။
ကျွန်တော်သည် ၁၉၉၀ ခုနှစ်အကုန်မှာ ပုံတောင်ပုံညာကိုလည်းကောင်း၊ ချင်းတောင်တန်းကြီးကိုလည်းကောင်း ကျော်ဖြတ်ခဲ့ပါသည်။ နယ်လှည့်ခရီး သွားလာခြင်းတော့ မဟုတ်ပါ။ ထွက်ပြေးရတာ။
ရခိုင်ရိုးမကို ရောက်ဘူးပါ။ ရှမ်းကုန်ပြင်မြင့်ကိုလည်း မတက်ဘူးပါ။
၂၀၁၈ ခုနှစ် အလည်ပြန်စဉ်က အလယ်ရိုးမကိုတော့ ကျော်ဖြတ်ခဲ့ပါသည်။
ထိုင်း-မြန်မာနယ်စပ်က တောင်ကုန်းတွေအနီးအနား အကြိမ်ကြိမ် စခန်းချဘူးပါသည်။
ပြည်ပနိုင်ငံရေး အနှစ်နှစ်ဆယ်အတွင်းမှာ၊ မြစ်နှစ်ဆယ်ဖြတ်ကျော် ကူးလူးသွားလာခဲ့ရပါသည်။
တောင်ငါးလုံးခို ရာဇဂြိုဟ်ကိုလည်း သုံးလေးခေါက် ရောက်ပါသည်။
ဟိမဝန္တာတောင်ခြေသို့လည်း လေးငါးခေါက် ရောက်ပါသည်။
ဂိဇ္ဈကုဋ်တောင်ခြေမှာရှိတဲ့ ဆရာဇီဝကလှူဒါန်းခဲ့တဲ့ သရက်ဥယျာဉ်ကိုလည်း ရောက်ပါသည်။
ဆုပန်လိုသည်မှာ ဆရာဇီဝကလို သမားတော်ကြီးဖြစ်ပါစေလို့ မဟုတ်ပါ။ မြန်မာပြည်မှာ ဇီဝကတွေ ပေါ်ထွန်းပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment