Skip to main content

ကဗျာဖွဲ့နည်း နိသျည်း

၁၉၅၄ ဒုကြိမ်

ကျောင်းသုံး ကဗျာဖွဲ့နည်း နိသျည်း

ကဗျာနဲ့ကင်းတဲ့လူမျိုး မရှိပါ။ ငယ်စဉ်အခါ မိခင်က ရွတ်ဆိုချော့သိပ်တာကနေ စတယ်။

ကျောင်းမှာလည်း ကဗျာသင်ရတယ်။ အရွယ်ရတော့ ကိုယ်တိုင် စ ရေးကြည့်ကြတယ်။

ကဗျာဝါသနာအိုးတချို့လည်း ပေါ်ပေါက်လာတယ်။

တချို့က အဆန်းတွေကိုလည်း အတုခိုးပါတယ်။ မော်ဒန်၊ ကာရန်မဲ့ စတာတွေဖြစ်တည်လာတယ်။

ကျောင်းသုံးကဗျာဖွဲ့နည်းကို ရှေးကျပြီလို့ပြောရင် ငြင်းဆိုရန် မရှိပါ။

ခေတ်မီ ဆန်းပြားတဲ့အိမ်တိုင်းမှာ အောက်ခံဖောင်းဒေရှင်း ခိုင်ခန့်ရစမြဲဖြစ်ပါတယ်။

စာအုပ်က သတ်ပုံမှန်တယ်။ သတ်ပုံမဲ့ကဗျာဆရာတွေ ဖတ်ရန် မလိုအပ်ပါ။

ပုံအတွက် စာအုပ်အဟောင်းတန်း ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments