Skip to main content

အညာမှာ တမာ

တူတယောက်က တင်ထားတာ။ အညာမှာ တမာရွက်နုကလေးတွေ ပေါ်နေပြီ ခင် တဲ့။ 

တချို့လူတွေက တစ်ကောင်းတဲ့။ 

တချို့လူတွေက တစ်ရုတ်တဲ့။ 

တချို့လူတွေက တစ်ရားတဲ့။

တစ်မာလို့ ရေးလာကြတော့မလားမသိ။ ခါးတော့မည်မဟုတ်။ မှားတော့မည်။

ဒီစာတင်ပြီး ကွန်မင့်မှာ လာပါတယ်။ တစ်မာ တဲ့။ ဆေးနည်းတဲ့။ ခါးလည်းခါး၊ မျိုချလည်းမရ။ လိုက်ရှာဝယ်ကြဦးမယ်။

ဒေါက်တာတင့်ဆွေ

Comments