ကွန်မင့်တခု = ဒီအချိန်မှာတော့ ဖတ်တဲ့သူနားလည်ဖို့ပဲ လိုပါတယ်နောက်မှ ပြင်ချင်ရင်ပြင်ကြပေါ့ FB မှာတော့ဆိုရင်းကို အားလုံးနားလည်သွားကြပီ
မမှန် + လွဲ + မှား။
အဲလိုကွန်မင့်တွေ မကြာခဏလာတယ်။ ကျွန်တော်ကတော့ စာလုံးပေါင်းသတ်ပုံမှားရေးတာကို နားမလည်ပါ။
ခြေကျိုးတာနဲ့ ကြိုးစားတာ မတူပါ။
ဆားခတ်နဲ့ ရေခပ် မတူပါ။
သားအိမ်ထုတ်နဲ့ ပုစွန်ထုပ် မတူပါ။
သန်ကောင်နဲ့ သံချောင်း မတူပါ။
ပွဲတက်နဲ့ စာတတ် မတူပါ။
အဆင်ပြေနဲ့ အစဉ်သဖြင့် မတူပါ။
စာဖတ်တာနဲ့ ကလေးဖက်တာ မတူပါ။
ယားတယ်နဲ့ ရေနွေးကရား မတူပါ။
ဒါးတုံးနဲ့ သွားတုန်းလာတုန်း မတူပါ။
ကြည့်ပါနဲ့ ကျိတာ မတူပါ။
စီကုံးနဲ့ ဆီပုံး မတူပါ။
အဖျားတက်တာနဲ့ ဖြားယောင်းတာ မတူပါ။
လက်သီးဆုပ်နဲ့ နောက်ဆုတ် မတူပါ။
အနီးမှာနဲ့ နည်းပေးပါ မတူပါ။
ပဲပုပ်နဲ့ စပါးပုတ် မတူပါ။
ကလေးနို့မျက်နဲ့ မြက်ပင် မတူပါ။
ယားတာနဲ့ ဘုရား မတူပါ။
လန်းဆန်းတာနဲ့ လမ်းသွားတာ မတူပါ။
စာအံတာနဲ့ ပျို့အန်တာ မတူပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment