"တသက်" စာလုံးကို မှန်အောင်ရေးတတ်သူတွေလည်း ရှိပါတယ်။
"တသက်" ကို မှန်အောင်မရေးတတ်သူက ပိုများတယ်။
မှန်တာသိပေမဲ့ မှန်တဲ့အတိုင်း မရေးရဲကြရှာတဲ့ စာရေးဆရာ၊ ကဗျာဆရာတွကလည်း ပေါတယ်။ သူတို့ရေးတဲ့စာတွေက လူကြိုက်များပြီး ရောင်းကောင်းတယ်။
မှန်တာကို ပြောရဲ ရေးရဲ လုပ်ရဲသူတွေကို ဒုက္ခပေးတဲ့ခေတ်မှာ တသက်တာကောင်းစားခဲ့တဲ့ မြန်မာစာ ခေါင်းမဖေါ်နိုင်တော့ပါ။
ရွှေဥဒေါင်းစာအုပ်ကို သတ်ပုံတွေ မှားအောင်ပြင်ထုတ်တော့ ပိုက်ဆံတွေအများကြီးရတယ်။
အဲဒါနဲ့ လူတိုင်းမှာ တသက်မရှိကြတော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment