Skip to main content

မိချောင်းမင်း ရေခင်းပြ

မင်္ဂလာပါ ဆရာ မြန်မာစကားပုံ အမှန်တခု သိချင်လို့ပါ၊ မိကျောင်းမင်း ရေခင်းပြ နဲ့ မိကျောင်းမင်း ရေကင်းပြ၊ ဘယ်ဟာက အမှန်ပါလဲ ဆရာ၊ ရှာတော့ နှစ်ခုလုံးတွေ့နေလို့ပါ

မိချောင်းမင်း ရေခင်းပြ 

ရေ၌ ကျင်လည်ကျက်စားသော မိချောင်းအား ရေအကြောင်းကို သင်ပြသည်ဆိုသကဲ့သို့ နှံ့စပ်ကျွမ်းကျင်ပြီးသူအား လူသိလူတတ် လုပ်၍ ဆရာလုပ်သည်။

ခင်းဆိုတာ တခြားအဓိပ္ပါယ်တွေအပြင် အရေးကိစ္စ၊ အကြောင်းအရာလို့လည်း ဆိုလိုတယ်။ ရေခင်းဆိုတာ ရေစီးရေလာအကြောင်း အသိပညာဖြစ်ပါတယ်။

မိချောင်းမင်းရေကင်းပြက မမှန်ပါ။

Dr. တင့်ဆွေ

Comments