Skip to main content

Disencourage အားမပေးပါ နေကောင်းပါစေ

10/20/2023, 4:49 PM

မနက်က ဆရာနဲ့ တွေ့သူ ဟုတ်ပါသလား။ မဟုတ်ရင် ဆောရီး။

01/30/2024, 5:11 PM

FB သုံးတာ တော်လို့ အခုမှ ဆရာ message တွေ့လို့ ပါ ကျမ ( - ) ပါဆရာ

အေး။ ဖေ့စ်ဘွတ် အသုံးနည်းသူတွေကို သုံးပါလို့ အားမပေးပါ။ နေကောင်းပါစေ။

ဖေ့စ်ဘွတ်မှာ လူအများစုက အရေမရအဖတ်မရတွေ၊ မမှန်လွဲမှားတွေနဲ့ အချိန်ကုန်နေကြတာများတယ်။

ကျန်းမာရေး မေးတာတွေမှာ မဆိုင်တာကို မေးသူတွေက မနည်းပါ။ ဥပမာ ကင်ဆာပါဆရာ၊ ဘာတွေစား ဘာတွေရှောင်ရမလဲတဲ့။ ကုသနည်း ကာကွယ်နည်းထက် စားစရာကိုသာ သိလိုသူတွေမနည်းပါ။

အရေးမပါတာကို စိတ်ပါဝင်စားသူမျိုးက အရေးပါတာကို မေ့ထားလေ့ရှိတယ်။

ဖေ့စ်ဘွတ်ကိုသာ သုံးနေသူဆိုရင် 'ကျမ' ကနေ 'ကျယ်မ' ဖြစ်သွားလောက်ပြီ။

စာကို မှန်အောင်မရေးတတ် မရေးချင်ကြတော့ခြင်းဟာ ဖေ့စ်ဘွတ်ကျေးဇူး။ 

မဟုတ်တာတွေ ရေးလေ ပြောလေ တင်လေ လိုက်ခ် တွေက များတာကိုး။ အတုတွေ အညံ့တွေ ရောင်းလည်း ဝယ်သူများသတဲ့။

ဒေါက်တာတင့်ဆွေ

Comments