Skip to main content

ဒန့်သလွန်နုနုဟင်း

ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) = ဒန့်ဒလွန်

မြန်မာအဘိဓန် အကျဉ်းချုပ် (၁၉၇၉) = ဒန့်သလွန်

ကူးယူတင်ပြတာဖြစ်ပါတယ်။ ကျေးဇူး။

(စ) ဒန့်ဒလွန်နုနု လက်ဆောင်ရတာ။  မစားရတာလဲကြာပြီမို့ နုနုနဲ့လတ်ဆတ်တုန်း အချိန်မဖြုန်းတော့ဘဲ ရောက်ရောက်ချင်း ချက်လိုက်တယ်။ ဒန့်ချက်ရင် ဥထားတဲ့ ငပုပ်ခြောက်လေး တဖဲ့ နှစ်ဖဲ့ ထည့်ချက်ပါတယ်။ သူတို့ချင်းကြား အနံ့တွေပေါင်းပြီး ထွက်လာတဲ့အနံ့ အတော်မွှေးတာ။ ချက်စားဖြစ်တဲ့ တခါနဲ့ တခါကြား ကာလရှည်ခြားတော့ ဘယ်လိုချက်ရပါလိမ့်ဆိုတာ အတော်ပြန်စဉ်းစားယူရတယ်။  အခွံစိမ်းလေးကျန်အောင်ခြစ်ထားတာ ကြိုက်တယ်၊ ‌ဒန့်အနံ့လေး ပိုမွှေးတယ် ထင်လို့။ အသီးနုဖြစ်နေလို့ အခွံကြမ်းတွေ အများကြီး ပါမသွားအောင် ပို သတိထားမိ။ စုတ်စားရင် ပြတ်ထွက်တတ်ပြီး ကသိကအောင့်ဖြစ်တတ်လို့။ အရင်က အရသာနယ်ပြီးမှ ငါးခြောက်ရိုး ဆီသတ်အရင်သတ်ထားတာနဲ့ လုံးချက် သလိုဘဲ၊ အခုတော့ အသင့်ချက် အခဲခံထားတဲ့ ငါးရံ့ခြောက်ရိုးဟင်းရှိလို့ ၂ ဇွန်း ကော်ထည့်ပြီး ကျန်ပါဝင်ပစ္စည်း‌တွေ အကုန်ထည့်ပြီး လုံးချက်တာ။ ရေပူ လိုသလိုဖြည့်ပြီး မကျည်း(မန်ကျည်း)ရည်ကတော့ ဒန့်နူးမှ နောက်ဆုံးမှ ထည့်တာပေါ့။ ငပိမီးဖုတ်နဲ့ ကြံသကာအနည်းငယ်က မပါမဖြစ်ပါ။ နံနံပင်လေးလည်း အုပ်လိုက်သေးတာ။ ဒန့်သလွန်ပေါတဲ့ အရပ်မှာနေကြတဲ့ ဒန့်စပယ်ရှယ်လစ်တွေ ဘယ်လိုများ ချက်ကြပါလိမ့်။ ငရံ့ခေါင်းနဲ့ ချက်မှ စားကောင်းတာလို့တော့ မပြောကြေး။ ဒီမှာ မရနိုင်လို့ပါ။ အမျိုးသားက အခုလို အရည်ကျဲကြိုက်ပြီး မမီးက ခရမ်းချဉ်သီး အနှစ်များများနဲ့ ဆီပျံကို ကြိုက်တယ်၊ နောက်တခါ ထပ်ရချီသေးမို့ အနှစ်ပျစ်ပျစ်ဆီပျံ ချက်စားဖို့မျှော်နေမိ။

ကွန်မန့်ထဲက ချက်နည်းကောင်းလေးတွေ

၁။ ငါးခြောက်ရေဆေးပီး(ပြီး) ဆီမှာကြော်တယ်။

၂။ ငါးခြောက်နံ့လေးမွှေးလာမှ ဒန့်သလွန်သီး၊ ကြက်သွန်ဖြူ၊ နီ၊ စိမ်းစားငပိလေးနဲနဲ၊ ဆနွင်းနဲနဲ ပစ်ထည့်ပီး(ပြီး) လုံးပါတယ်။

၃။ ခရမ်းချဥ်သီး ၃၊၄ လုံးလဲ လှီးထည့်ပါတယ်။

၄။ ဒန့်သလွန်သီးနူးမှ မန်ကျည်းမှည့်ထည့်ပါတယ်။

၅။ မမီးဟင်းကြည့်ပီး(ပြီး) စားချင်နေပါဘီ(ပြီ)။

ဒန့်သလွန်သီးကို မြန်မာကြက်နဲ့ ချက်စားကြည့်နော်။ ကြက်တရေလောက်နူးပြီး ဆီပြန်ပြီဆို ဒန့်သွန်သီးထည့် အသီးနူးရင် မကျည်းရေထည့်။ ချဉ်ရေလို ရေအများကြီးမဟုတ်ပဲ ဆီပြန်ရေကျန်ထက် ရေ ရေနဲဲနဲပိုတဲ့ အနေအထားလောက်ချက်ပါ။ တကယ်စားကောင်းတယ်။ အသားစားကြက်(CPကြက်)နဲ့ဆို သိပ်စားမကောင်းဘူး မမွှေးလို့။

မီးမီးလိုဘဲ၊ အန်တီလဲ ဒီနေ့ဒန့်ဒလွန်သီးချက်စားဖြစ်တယ်။ ပဲစဉ်းငုံလေးခွက်တဝက်လောက် ရေစိမ်ပြီး နူးအောင်ပြုတ်ထားလိုက်တယ်။ အမဲသားအနားအဖျားလေးဖယ်ထားတာကို ကြက်သွန်ဖြူနီဆီသတ်၊ ဆား၊ ဆနွင်း၊ ရောင်တင်မှုန့်ထဲ့(ထည့်)၊ အမဲသားစလေးတွေထဲ့ မွှေ၊မဆလာမှုန့်နဲနဲခပ်ပြီး ရေနဲနဲထဲ့(ထည့်)ပြီး ဆူအောင်တည်လိုက်တယ်။ ပြီးမှ ခြစ်ထားတဲ့ ဒန့်ဒလွန်သီးတောင့်လေးထဲ့၊ ပဲပြုတ်ရည်လောင်းထဲ့(ထည့်)ပြီး ရေအတော်လေးခန်းအောင် တည့်လိုက်တာဘဲ။ မီးမီးပြောသလို ငပိဖုတ်နဲနဲ၊ ထညက်(ထန်းလျက်)တခဲလောက် ထပ်ထဲ့(ထည့်)မှဘဲထင်တယ်၊ ခုလဲ စားကောင်းနေပါတယ်။ ခရမ်းချဉ်သီးမရှိလို့ ဆော့စ်ထဲ့လိုက်တယ်။ ခြံဝင်းထဲမှာကိုယ်စိုက်ထားတာ၊ အလုံး ၁၀၀ကျော်လောက် သီးနေတယ်၊ အသီးတွေနဲနဲနုသေးတယ်၊ ကိုယ်ပိုင်မဟုတ်တော့၊ ဦးရာလူခူးစားတာဘဲ၊ ငါးကွန်းရှပ်ခြောက်နဲ့လဲ ချက်စားအုံးမယ်။ (Meemeetofu's collection)

စာရေးတာတွေလည်း မှန်လို့ စားကောင်းမည်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ