'အိမ်ကအမေ'
ရေးတတ်ကြ၊ ပြောဆိုလေ့ရှိကြတယ်။ မှားတာတော့ မဟုတ်ပါ။
အိမ်မှာမနေတဲ့အမေ ရှိသေးလားလို့ စဉ်းစားမိစေနိုင်တယ်။
အိမ်ကအဖေ ဆိုရင်တော့ အဆင်မပြေတော့ပါ။
အိမ်မှာမနေတဲ့အဖေ ရှိသေးလားလို့ စဉ်းစားမိရင် ခက်ပြီ။ ကန်တော့။
အိမ်ကယောက်ျား ပိုဆိုးတယ်။ ကန်တော့။
အိမ်ကသား၊ အိမ်ကသမီး အဆင်ပြေပါတယ်။
(၂)
နောက်တလုံးက 'ချစ်သောတို့' တဲ့။ အခုတလော တွေ့တွေ့နေတယ်။
ဒါလည်း မှားတာတော့ မဟုတ်ပါ။
ချစ်သော ဆိုတာ နာမဝိသေသန။ နာမဝိသေသနနောက်မှာ နာမ်တခုခုလာလေ့ရှိတယ်။
ချစ်သောနှင်းဆီ။
ချစ်သောမောမြေ။
ချစ်သောသူ။
ချစ်သောကမ္ဘာမြေ။
ချစ်သောတပည့်များ။
ဝင်းဦးသီးချင်းတပုဒ်က ချစ်သောမောင်မောင်။
ပုံထဲမှာ မိခင်က သူ့သားလေးကို ဖက်တားတယ်။ 'ဖက်' နဲ့ 'ဖတ်' က အတော်မှားကြတယ်။
မိခင်၏ ချစ်ခြင်းရကြပါစေသတည်း။
'မှာ' ကို 'မာ' လို့ရေးသူတွေရဲ့ ဖုန်းကီးဘုတ်မှာ 'ဟထိုး' မပါကြဘူးထင်တယ်။
ဖုန်းကောင်းတာ ဝယ်နိုင်ကြပါစေသတည်း။
maternal embrace clip art of mother and newborn baby mother clipart baby cartoon flat co
ဒေါက်တာတင့်ဆွေ
Comments
Post a Comment